Creed (2015)

Rating : 7.6/10
Country : United State
Genre :   Drama, Sport
Cast : Michael B. Jordan,Sylvester Stallone
Released Date : 2015
Duration : 2h 13min

Creed 2 ထွက်လာပြီတော့ Creed 1 လဲကြည့်ချင်ကြမယ်ထင်လို့အသစ်ပြန်တင်ပေးလိုက်ပါတယ်။ဒီကားက တစ်ချိန်တုန်းက နာမည်ကျော်လူကြိုက်များခဲ့တဲ့၊အခုချိန်ထိလဲ နာမည်ကျော်ဆဲ မင်းသားကြီးစတားလုံးရဲ့Rocky ဆိုတဲ့ရုပ်ရှင်ကားရဲ့ Sequal အဖြစ်ထွက်လာခဲ့တာဖြစ်ပါတယ်။Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီးရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး
အောင်မြင်မှုရအောင်ကူညီပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။လက်ဝှေ့ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ချွေးထွက်များမှ သွေးထွက်နည်းမယ်။အနာခံမှ အသာစံရပါမယ်။လေ့ကျင့်မှုကောင်းဖို့လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။အော်စကာဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့်သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။

0 comments:

Post a Comment