Season (1) - 22 Episodes
Season (2) - 22 Episodes
Season (3) - 22 Episodes
Season (4) - 22 Episodes
Season (5) - 12 Episodes
Rating : 7.8/10
Country : United State
Genre : Superhero Fiction, Drama, Mystery
Cast : Ben McKenzie as James Gordon: Donal Logue as Harvey Bullock: David Mazouz as Bruce Wayne: Zabryna Guevara as Sarah Essen: Sean Pertwee as Alfred Pennyworth: Robin Lord Taylor as Oswald Cobblepot
Released Date : 2014-2019
Fox ရုပ်သံမှ 2014 စက်တင်ဘာလတွင်စတင်ထုတ်လွှင့်ခဲ့တဲ့ Gotham ရုပ်သံဇာတ်လမ်းတွဲကတော့
နာမည်ကျော်စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်တဲ့ Batman ရဲ့ ငယ်ဘဝက Gotham ကိုအခြေခံထားပါတယ်။
ဒီဇာတ်လမ်းတွဲမှာတော့ Batman တဖြစ်လဲ ဘရုစ်ဝိန်း ရဲ့ငယ်ဘဝကိုတွေ့မြင်နိုင်ပြီးတော့
ရှုပ်ထွေးပွေလီပြီး ဒုစရိုက်မှုတွေပေါများလှတဲ့ ဂိုသမ်မြို့အကြောင်းကိုလည်း သေချာသိနိုင်မှာပါ။
လက်ရှိတော့ Season 4 အထိ ထွက်ရှိထားပြီး ဆက်ထွက်ရှိနေအုံးမှာ ဖြစ်လို့ CM က မှန်မှန်
ပြန်တင်ဆက်သွားပေးမှာလဲဖြစ်ပါတယ်။ အခုဒီ Season (1) မှာတော့ အခုမှ စကြည့်တဲ့သူတွေအတွက်
အနည်းငယ် အေးတယ်လို့ထင်ရပေမဲ့ ဆက်လာမဲ့ Season 3 တွေ 4 တွေ အတွက် သေချာ ဇာတ်အိမ်
တည်ထားတာဖြစ်ပါတယ်။မထင်မှတ်ထားတဲ့ Plot တွေနဲ့ လူကိုဆွဲခေါ်သွားနိုင်တာကတော့ ချီးကျုးဖို့
ကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ ဒီ Season (1) မှာတော့ Batman ရဲ့ အဓိက ဗီလိန်တွေဖြစ်တဲ့
ပင်ဂွင်းတို့ The Riddler တို့ ဘယ်လို ဖြစ်လာတယ်ဆိုတာတွေ ဖော်ပြထားပါတယ်။ ပင်ဂွင်းကတော့
ဒီ ဆီဆန်မှာ ကျနော် အကြိုက်ဆုံး ကာရိုက်တာပါပဲ လိုချင်တာကို မဖြစ်ဖြစ်အောင်ယူတက်တာတွေက
တော်တော်ကို သရုပ်ဆောင်ပီပြင်ခဲ့ပါတယ်။ Riddler ကတော့ GCPD က သက်သေအထောက်အထားတွေကို
စစ်ဆေးရတဲ့ ဝန်ထမ်းတစ်ယောက် အဖြစ်တွေ့ရမှာပါ။ဉာဏ်ကောင်းလွန်းပြီး ပဟေဠိတွေကို ကောင်းကောင်း
ဖော်ထုတ်နိုင်တဲ့သူတစ်ယောက်ပါ နောက်ပိုင်းမှ ဆိုက်ကိုဖောက်သွားပြီး ဗီလိန်အဖြစ်ကိုရောက်သွားရတာပါ။
Season (1) မှာတော့ Falconeဂိုဏ်းနဲ့Maroniဂိုဏ်း၂ခုရဲ့အရှုပ်တော်ပုံတွေကိုအဓိကထားရိုက်ကူးထားပါတယ်။
ဒီအရှုပ်တော်ပုံတွေရဲ့ကြားထဲမှာ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး ဂေါ်ဒွန် နဲ့ ဘူးလော့တို့ကို အတွဲညီညီနဲ့
ရာဇဝတ်မှု့တွေကိုတိုက်ဖျက်နေတာကိုမြင်ရမှာပါ။ ဒီဆီစန် ထဲမှာ ဂေါ်ဒွန်ကိုတော့ စိတ်အားတက်ကြွ ထက်သန်တဲ့ ဖျတ်လတ်တဲ့သူတစ်ယောက်အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ အချုပ်အနေနဲ့ ပြောရရင်တော့ ဒီ Seasom (1) မှာ စူပါဟီးရိုး ရုပ်သံဇာတ်လမ်းတွဲရယ်လို့မဟုတ်ပဲ ဂိုဏ်းဂဏတွေရဲ့ အားပြိုင်မှု့တွေ ထူးခြားတဲ့ ရာဇဝတ်မှု့တွေ နဲ့ အတူ ဂျင်မ်ဂေါ်ဒွန်တို့ ဘယ်လို ဖြေရှင်းမလဲ ဘယ်လို အားပြိုင်မလဲဆိုတာကို ဟန်ချက်ညီညီနဲ့ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ Rating တွေကတော့ IMDb 7.9 နဲ့ Rotten Tomatoes 84% တို့ရရှိထားပါတယ်ဗျာ။
0 comments:
Post a Comment