Julayi (2012)

Rating : 7.2/10
Country : India
Genre :  Action, Comedy
Cast :    Allu Arjun, Ileana D'Cruz, Rajendra Prasad
Released Date : 2012
Duration:  2h 40min

အညွှန်း
ဘဏ်ဥက္ကဌနဲ့ Bittu တို့ပေါင်းပြီး ဘဏ်မှာ ပြည်သူတွေလာအပ်ထားတဲ့ငွေ
ရူပီးကုဋေ (၁၅၀၀) (US$230 million) ကို ဓားပြတိုက်ဖို့ ကြံစည်ကြပါတယ်။
Ravi ကလည်း သူ့အဖေလိုမျိုး လူလတ်တန်းစားဘဝကို သဘောမကျလို့ ဖအေ့ဆီက ရူပီး နှစ်သောင်းကို တောင်း၊
နာရီပိုင်းအတွင်း ရူပီးတစ်သိန်းဖြစ်အောင်ရှာပြမယ်လို့ ကတိပေးပြီး လောင်းကစားလုပ်ဖို့ အိမ်က ထွက်လာပါတယ်။
လမ်းမှာ Ravi နဲ့ Bittu တို့ အမှတ်မထင်ဆုံကြပါတယ်။
နောက်ပိုင်းမှာ Biitu ဟာ သူ ဘဏ်ဓားပြတိုက်ရတာ လွယ်အောင် ရဲတွေဆီကို ဖုန်းဆက်ပြီး
Ravi တို့ လောင်းကစားလုပ်တဲ့နေရာကို တိုင်လိုက်ပါတယ်။
Ravi ဟာ Bittu ရဲ့အကြံကို သိသွားပြီး Bittu တို့ဘဏ်ဓားပြတိုက်တဲ့အမှုကို ရဲတွေဘက်ကနေ
အလွတ်စုံထောက် ရှားလော့ဟုမ်းလို ကောက်ချက်တွေချပြီး အမှုကို ခြေရာခံပေးပါတယ်။
နောက်ပိုင်းမှာ Bittu နဲ့ Ravi ဟာ ကမ္ဘာ့ရန်ဘက်တွေ ဖြစ်သွားကြပြီး နှစ်ယောက်စလုံးက
ဉာဏ်ကောင်းသူတွေဖြစ်ကြတော့ မိုရီရာတီနဲ့ ရှားလော့ဟုမ်းလိုမျိုး အပြုင်အဆိုင် ဖိုက်ကြပါတယ်။
အိန္ဒိယကားတို့ထုံးစံအတိုင်း တစ်ကားလုံး အချစ်၊ အက၊ အက်ရှင်တွေနဲ့ တစ်ကားလုံးကို တင်ဆက်ထားပြီး
ဇာတ်ကားတစ်ကားလုံးဟာလည်း အစကနေ အဆုံးအထိ အချိတ်အဆက်မိမိနဲ့ ရိုက်ကူးထားတာမို့
ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်

 

0 comments:

Post a Comment