Rating : 5.6/10
Country : Korea
Genre : Comedy, Romance
Cast : Ju-hyuk Kim, Ye-jin Son, Seong-hun Cheon
Released Date : 2008
Duration : 1h 59min
Country : Korea
Genre : Comedy, Romance
Cast : Ju-hyuk Kim, Ye-jin Son, Seong-hun Cheon
Released Date : 2008
Duration : 1h 59min
အယ် ဒီဇာတ်ကားလေးက 18+ ခင်ဗျ မတ်မတ်တို့ ကြမ်းထားရမ်းထားတာတော့ မဟုတ်ပေမယ့် အိမ်ထောင်ရေးကား ဖြစ်တဲ့အလျောက် sex အသုံးအနှုန်းတွေနဲ့ တစ်ချို့အခန်းအနည်းငယ်ကြောင့်ပေါ့လေ ဟင်း ဟင်း 😈 ဒါကြောင့်မလို့ မိသားစုနဲ့အတူ မကြည့်သင့်ပါဘူး
ဇာတ်လမ်းလေးကတော့ ဒီလိုပါ
ကျွန်တော့နာမည် ဒေါ့ခွန်း သူ ကျွန်တော်တို့ရုံးမှာ အလုပ်လာလုပ်တုန်းက သူနဲ့စတွေ့ခဲ့တယ်
အဲ့အချိန်တုန်းက သူ့နားမှာ တခြားသူတွေ ဝိုင်းဝိုင်းလည်နေလို့ သူနားကပ်ဖို့ အခွင့်အရေးတောင် မရခဲ့ပါဘူး သူ့နာမည်က ဂျူအန်နာ
ဒီလိုနဲ့ တစ်ခုသော နွေဦးရာသီလေးမှာ ကံကောင်းထောက်မစွာနဲ့ သူနဲ့ ပြန်တွေ့ခဲ့တယ် ဒီအခွင့်အရေးကိုတော့ ကျွန်တော် လက်လွတ်မခံတော့ပါဘူး ကျွန်တော်တို့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်
သူနဲ့ ကျွန်တော်က စရိုက်ချင်းလုံးဝ မတူဘူး သူက ဘဝကို ပျော်ပျော်နေမယ် ပေါ့ပေါ့ပါးပါး ဖြတ်သန်းမယ် တညလုံး ဘော်ဒါတွေနဲ့ သောက်ရင်သောက်နေမယ် မနက်မှ အိမ်ပြန်ရင်ပြန်လာမယ် တခြားသူနဲ့ တွဲချင်လည်းတွဲမယ်
အဲ့လို မိန်းကလေးကို ကျွန်တော် ဘယ်လို ယုံရမလဲဗျ ကျွန်တော့စဥ်းစားကြည့်တယ် သူ့အဲ့လိုလုပ်နေတာတွေ ရပ်တန့်သွားအောင် လုပ်ဖို့ တစ်ခုတည်းသောနည်းကတော့ သူ့ကို လက်ထပ်လိုက်တာပဲဗျ ဒါဆိုရင် သူခြေချုပ်မိသွားမယ် ဒါတွေ လုပ်တော့မှာ မဟုတ်ဘူး
ဒီလိုနဲ့ ကျွန်တော်တို့ လက်ထပ်လိုက်တယ် အပျော်ဆုံးကာလတွေပေါ့ တစ်နေ့မှာတော့ ကျွန်တော့ဘဝထဲ မုန်တိုင်းတိုက်သလိုဖြစ်ရတဲ့ ကိစ္စကြီးပေါ်လာခဲ့တယ်
သူကပြောတယ် သူမှာ တခြားတစ်ယောက်ရှိနေပြီး သူ့ကို လက်ထပ်ချင်ပါတယ်တဲ့ဗျာ
0 comments:
Post a Comment