20 Episodes
Rating : 7.6/10
Country : South Korean
Genre : Action,Comedy,Romance,Detective,Investigation
Cast : Rain,Lee Na Young,Lee Jung Jin,Daniel Henney,Yoon Jin Seo
Action ဇာတ်လမ်းလေးဖြစ်ပြီး အက်မင်အတွက်တော့ နဲနဲဂွမ်းတယ်လို ့ထင်ရတဲ့ Romance Is a Bonus Book ထဲက မင်းသမီး Lee Na-young နဲ ့ တွဲဖက် သရုပ်ဆောင်ထားပါတယ်။ တခြား သရုပ်ဆောင်တွေကတော့ Lee Jung-jin (သူ့ ့ကိုတော့ Love Story in Harvard မှာတည်းက ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။) Yoon Jin-seo (သူမကလဲ လူကြီုက်များခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတော်တော်များမှာ ပါဝင်ထားဖူးပါတယ်- The Return of Iljimae , The Heirs တို ့လိုပေါ့) နောက်ထပ်တစ်ယောက်ကတော့ အမေရိကန်-ကိုရီးယားစပ် Daniel Henney ပဲဖြစ်ပါတယ်(ဒီဘဲကြီးရိုက်ထားတဲ့ကားတွေက အကုန်နာမည်ကြီးတွေဖြစ်နေလို ့မပြောတော့ပါဘူး) အပိုင်းအရေအတွက် (၂၀)ပိုင်း ပါဝင်ပါတယ်။ ဇာတ်လမ်းလေးက ******************* Ji-Woo - ကိုယ်ပိုင်စုံထောက်အလုပ် လုပ်ကိုင်နေပြီး တဖက်မှာတော့ သူခိုးအကြီးစားတစ်ယောက်။ ပြစ်မှူမှတ်တမ်းလဲ ရှိနေတယ်။ Jini - သူမကတော့ သူမိဘတွေအသတ်ခံရတဲ့အကြောင်းကို စုံစမ်းဖို ့Ji-Wooဆီမှာ အလုပ်လာအပ်ရင်း ဘာဆက်ဖြစ်မလဲ? Kai - စီးပွားရေးသမားတစ်ယောက်၊ Jini နဲ ့relationship တခုရှိပြီး ယုံကြည်နိုင်သောသူက သူမတစ်ဦးတည်းပဲလို ့ လက်ခံထားသူ၊ Jini က သူ ့ဘဝတစ်ခုလုံးပဲ။ Do Soo - စုံထောက်တစ်ယောက်ဖြစ်ပြီး Ji-Woo ကို အသည်းအသန် ဖမ်းနေချင်နေသူ။ So-Ran ကတော့ Do Soo ရဲ ့လက်အောက်ကဖြစ်ပြီး Do Soo ကို တဖက်သတ် မျှော်လင့်နေသူ။ ဒီလို သူတို ့ (၅) ပတ်သတ်မှုတွေ ဘယ်လိုဖြစ်မလဲဆိုတာစောင့်ကြည့်ရင်း Rain ရဲ ့အခွက်ပြောင်ပုံတွေနဲ ့မို ့ မပျင်းရိပဲ ရယ်မောရဦးမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။
0 comments:
Post a Comment