Tomorrowland (2015)


 

Rating : 6.4/10
Country : United State
Genre : Action, Adventure, Family 
Cast : George Clooney, Britt Robertson, Hugh Laurie
Released Date : 2015
Duration : 2h 10min

အညွှန်း
IMDb 6.5 ရရှိထားတဲ့ သိပ္ပံဆန်ဆန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး .မင်းသားကြီး George Clooney ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ကာဒါရိုက်တာ  Brad Bird က ရိုက်ကူးထားပါတယ်။ဇာတ်လမ်းစအဖွင့်မှာ ဖရန့်ဝေါ်ကာ အဖြစ် မင်းသားကြီး George Clooney နဲ့ကေစီနယူတန် အဖြစ် မင်းသမီး Britt Robertson တို့နဲ့ သူတို့ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံကိုပြန်ပြောပြတာကနေ စပြခဲ့ပါတယ်။ ဒီကားမှာ George Clooney ရဲ့ကလေးဘဝကို ကလေးသရုပ်ဆောင် Thomas Robinson ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။အကျိုးရှိတဲ့ သိပ္ပံပစ္စည်းများကို ပြသရမယ့် ပွဲတစ်ခုကို ဖရန့်ဝေါ်ကာ( Thomas Robinson ) ရောက်ရှိလာပြီး သူကိုယ်တိုင်တီထွင်ထားတဲ့ မိုးပျံဂျက်လေးနဲ့အတူ ဝင်ခွင့်ရဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အသိအမှတ်အပြုမခံရတဲ့အတွက်ပွဲကနေပြန်ထွက်ခါနီးမှာ အေသီနာ ( Raffey Cassidy ) နဲ့တွေ့ခဲ့ပြီးထူးဆန်းတဲ့ သိပ္ပံပညာတွေအရမ်းခေတ်စားတဲ့အနာဂါတ်မြို့တော်ထဲကိုရောက်သွားပါတော့တယ်။အဲ့လိုပဲ ကေစီနယူတန် ကလည်း ထူးချွန်ဉာဏ်ထက်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး . သူ့အဖေပါဝင်တဲ့ အစိုးရရဲ့စီမံကိန်းတစ်ချို့ကို အခက်အခဲဖြစ်ပြီးရှေ့ဆက်တိုးမရအောင်အဟန့်အတားတွေလိုက်လုပ်နေခဲ့တယ်။ အဲ့ဒီလုပ်ရပ်တွေနဲ့သူမရဲ့ထူးချွန်မှုတွေကြောင့် အေသီနာ က သိပ္ပံမြို့တော်ကိုခေါ်ယူဖို့ဆုံးဖြတ်ရွေးချယ်လိုက်ပါတယ်။ဒါကြောင့် မြို့တော်ကိုတွေ့မြင်ခံစားနိုင်မယ့်အမှတ်တံဆိပ်အကြွေစေ့လေးကို ကေစီထံပို့ခဲ့ပြီး စတင်ဆွဲဆောင်ခဲ့တယ်။အကြွေစေ့ကိုအင်တာနက်မှာလေ့လာရင်း စက်ရုပ်တွေရဲ့အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့ကေစီ ကို အေသီနာက လာရောက်ကယ်တင်ခဲ့ပြီး သိပ္ပံမြို့ကိုသွားဖို့ပို့ဆောင်နိုင်တဲ့လူဆီ ရောက်အောင်ပို့ခဲ့ပါတယ်။အဲ့ဒီကို ပို့ဆောင်မယ့်လူကတော့ တစ်ခြားလူမဟုတ်ဘဲ အသက်ခပ်ကြီးကြီးအနေအထားဖြစ်နေတဲ့ ဖရန့်ဝေါ်ကာ နဲ့တွေ့ဆုံခဲ့ပါတယ်။ဒီနေရာမှာ တစ်ခုရှင်းပြချင်တာက ဖရန့်ဝေါ်ကာ ဟာအသက်အရွယ်ကြီးလာခဲ့ပြီး အေသီနာ ဟာ တွေ့စကအတိုင်းကလေးအရွယ်ပဲရှိနေခဲ့တာကတော့ သူမဟာ Program ကောင်းကောင်းနဲ့အသက်သွင်းထားတဲ့ စက်ရုပ်တစ်ရုပ် ဖြစ်နေခဲ့တဲ့အတွက် ကလေးအတိုင်းဖြစ်နေခဲ့တာပါပဲ။ကေစီ ၊ ဝေါ်ကာ နဲ့ အေသီနာ တို့ သိပ္ပံမြို့ကို ပြန်လည်ရောက်ရှိသွားတဲ့အချိန်မှာ တော့ ဘာတွေဖြစ်ပျက်ခဲ့လဲ . အနာဂတ်ကိုဘယ်လိုကယ်တင်ခဲ့သလဲ .နောက်ပြီး ထူဆန်းတဲ့ သိပ္ပံပစ္စည်းတွေနဲ့ ဖြစ်ပျက်ခဲ့သမျှတွေကိုအပြည့်အဝသိချင်ကြတယ်ဆိုရင်တော့

0 comments:

Post a Comment