Singam မင်းသား Suriya ရဲ ့
၂၀၁၈ ထွက် အသစ်စက်စက် အက်ရှင်ဇာတ်ကားကြီး….
တကယ်တော့
ဒီဇာတ်ကားဟာ
အိန္ဒိယနိုင်ငံရဲ ့အကျင့်ပျက်ခြစားမှုတွေကို
မီးမောင်းထိုးပြထားတဲ့ အက်ရှင်ကားကြီးတစ်ကားဖြစ်ပါတယ်
အိန္ဒိယနိုင်ငံမှာ ဘွဲ ့ရပညာတတ်ပေါများသလောက်
အစိုးရအလုပ် လုပ်ခွင့်ရတဲ့သူကတော့
လက်တစ်ဆုပ်စာသာ ရှိပါသတဲ့
ဘွဲ ့ရထားလို ့အရာရှိဝင်လျှောက်ရင်
ငွေများများ ပုံအောပေးနိုင်သူက
အလုပ်ရပါသတဲ့
ဒီလိုအကျင့်ပျက်နေတဲ့ အစိုးရဌာနတစ်ခုရှိတယ်
CBI – Central Bureau of Investigation
စုံစမ်းထောက်လှမ်းရေးဌာန
ဒီဌာနဟာ ရဲဌာနထက် ပိုအဆင့်မြင့်ပြီး
ဒီဌာနမှာ အလုပ်လိုချင်တဲ့သူတွေ တန်းစီနေတယ်
အာနီယန်းဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ
ငယ်ငယ်ကတည်းက CBI အရာရှိဖြစ်ချင်ခဲ့တယ်
သူ ့အဖေက CBI ဌာမှာ ရုံးလုလင်တစ်ယောက်
ဘွဲ ့ရလို ့အရာရှိဝင်လျှောက်တဲ့အခါ
ဖခင်ရဲ ့ဖြောင့်မတ်မှန်ကန်မှုကြောင့်
ကိုယ့်ရဲ ့လာဘ်စားမှုတွေပေါ်မှာ ကြောက်နေတဲ့
အရာရှိကြီး အူတာမာန်နဲ ့ထိပ်တိုက်တိုးတယ်
အာနီယန်း အင်တာဗျူး မအောင်ခဲ့ဘူး
အင်တာဗျူးမအောင်တာထက်
သူ ့အဖေနဲ ့ပက်သက်ပြီး အရာရှိကြီးလှောင်ပြောင်ခဲ့တဲ့စကားကို အသည်းနာလှတယ်
ဒါ့အပြင် ကိုယ်နဲ ့အလုပ်အတူလျှောက်တဲ့ သူငယ်ချင်းကပါ
အင်တာဗျူးမအောင်လို ့အိမ်နဲ ့အဆင်မပြေဖြစ်ပြီး
Suicide လုပ်သွားတော့
CBI အရာရှိ အူတာမာန်ကို စိတ်နာသွားတယ်
ဒီလိုနဲ ့…
နှစ်အနည်းငယ်ကြာတဲ့အခါ
နယ်ဘက်က ဝန်ကြီးအိမ်တစ်ခုမှာ
CBI ဝင်ရောက်စီးနင်းတာ ခံရပြီး
လာဘ်စားထားတဲ့ ပစ္စည်းမှန်သမျှ
CBI အရာရှိ အူတာမာန် နာမည်နဲ ့သိမ်းဆည်းတာ ခံလိုက်ရတယ်
နောက်မှသိလိုက်ရတာက ဝန်ကြီးအိမ်ကို
လိမ်တဲ့သူတွေက ဂိုဏ်းတစ်ခုနဲ ့ကျကျနနပြင်ဆင်
ယုတ္တိရှိရှိလိမ်ပြီး ဝန်ကြီးကိုတောင် ပါးရိုက်သွားတဲ့အထိ
အတင့်ရဲကြတယ်…
ဒါတင်မကဘူး
နောက်ရက်အနည်းငယ်ကြတော့
အကျင့်ပျက် လာဘ်စားတဲ့ အစိုးရလူကြီးအိမ်တွေကို
အူတာမာန် နာမည်သုံးပြီး ဝင်အစီးခံရပြန်တယ်
CBI အူတာမာန်ဆီကို
ဒီအမှုရောက်သွားတဲ့အခါ
ကွင်းဆက်အတိုင်း လိုက်ပြီး ဘယ်လိုဖြေရှင်းမလဲ
လက်သည်တရားခံကို ဘယ်လိုရှာဖွေမလဲဆိုတာ
စီးမျောလိုက်ပါခံစားရင်း
ဇာတ်လမ်းဟာ အရှိန်အဟုန်ကောင်းကောင်းနဲ ့
ဇာတ်သိမ်းပိုင်းအထိ ဆွဲခေါ်သွားတယ်
ဒီကားထဲက ဒိုင်ယာလော့တစ်ချို ့ကို
ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်
“အမှန်တရားကို ကိုယ်တိုင်မြတ်နိုးပြီး
လက်တွေ ့ကျင့်သုံးမယ်ဆိုရင်
ဘာကိုမှ ကြောက်စရာမလိုဘူး
အရပ်ဘယ်လောက်ရှည်လဲဆိုတာ
အဓိိကမကျဘူး
ဘယ်လောက်အမြင့်ကို
ရောက်နိုင်လဲဆိုတာ
အဓိကကျတယ်”
အင်နီယန်း
“ဘယ်လောက်အမြင့်ကပဲ ပျံပျံ
စာကလေးက စာကလေး
သိမ်းငှက် သိမ်းငှက်ပဲ”
CBIအရာရှိအူတာမာန်
အားပေးလိုက်ကြပါဦး ခင်ဗျာ

0 comments:
Post a Comment