Rating : 6.1/10
Country : China
Genre : Drama, History, Romance
Cast : Ziyi Zhang, Takeshi Kaneshiro, Hye-Kyo Song
Released Date : 2014
Duration : 2h 9min
Country : China
Genre : Drama, History, Romance
Cast : Ziyi Zhang, Takeshi Kaneshiro, Hye-Kyo Song
Released Date : 2014
Duration : 2h 9min
အညွှန်း
သည်တစ်ခါမိတ်ဆက်ပေးချင်တာကတော့ စစ်ကားကောင်းလေး တစ်ကားဖြစ်တဲ့ The Crossing ပဲ ဖြစ်ပါတယ်။ တောင်ကိုးရီးယားနာမည်ကျော် မင်းသမီးတစ်ဦးဖြစ်တဲ့ ဆောင်းဟေကို ကိုယ်တိုင်ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားလေးတစ်ကားဆိုလည်း မမှားပါဘူး။
ဇာတ်လမ်းအကျဥ်းကတော့ဖြင့် ဒုတိယကမ္ဘာစစ် ဂျပန်နှင့်တရုတ်တို့ တိုက်ခိုက်ကြစဥ် ခေါင်းဆောင်လီယီဖန်က ဂျပန်တပ်ကို တရုတ်မျိုးနွယ်စုညီအစ်ကိုတွေအားလုံး လက်တွဲညီကတိုက်ထုတ်ခဲ့ကြသည်။ သို့သော် မိမိမျိုးနွယ်တူအချင်းချင်း အယူဝါဒ ကွဲပြားမှုကြောင့် ကိုယ့်လူကိုယ်ပြန်သတ်ရသည့် ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်လာခဲ့သည်။ ကျန်းယွဲ့ ခေါ်သောမိန်းမငယ်လေးမှာလည်း မိမိ၏ချစ်သူကို လိုက်ရှာရင်း စစ်အတွင်းဝယ် ဘဝပျက်ခဲ့ရသည်။ စစ်သားလေးတစ်ယောက် ထန်သာချင်းမှာလည်း အမှတ်တမဲ့တွေ့ဆုံမိသော ကျန်းယွဲ့ကို ချစ်ကျွမ်းဝင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အပြီး လက်ထပ်ခဲ့သော ကျုံးယွီဖန်နှင့် လီယီဖန်တို့မှာလည်း ပြည်တွင်းစစ်ကြောင့် ခွဲခွာခဲ့ကြရပြန်သည်။ ဂျပန်နဲ့ ဆရုတ်ဟူသော မျိုးနွယ်ကွဲပြားမှု ၏အမြင်အောက်တွေ ဆရာဝန်လေး ဇီခွန်းနှင့် ဂျပန်မလေး မာဆာကိုတို့ မေတ္တာရေး အဆုံးသတ်ခဲ့ရသည်။
ထိုဇာတ်ကားလေးတွေ ယွီဖန်အဖြစ် မင်းသမီးဆောင်းဟေကို လီယီဖန်အဖြစ် Huang Xiaoming ထန်သာချင်းအဖြစ် Tong Dawei ကျန်းယွဲ့အဖြစ် Zhang Ziyi ဆရာဝန်ဇီခွန်းအဖြစ် Takeshi နှင့် မာဆာကိုအဖြစ် Masami Nagasawa တို့က ပါဝင်ထားပါတယ်။ Dec 2, 2014 မှာ Part one ကို China တွင် ထုတ်လွှင့်ခဲ့ပြီးနောက် Rating အနေဖြင့် IMDb 6.1/10 ရရှိထားတဲ့ လွမ်းမောစရာ စစ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။
စစ်သားတစ်ယောက်၏ခံယူချက်၊ စစ်၏အကျိုးသက်ရောက်ပုံ၊ သေခြင်းတရားစစ်မြေပြင်ပေါ်မှာမှ တစ်စုံတစ်ဦးကိုချစ်ခင်မြတ်နိုးရခြင်း၏ နွေးထွေးသော ခံစားချက်၊ သေခါနီးအချိန်တွင်တောင် မေတ္တာဖြင့် သေခြင်းတရားကို ရင်ဆိုင်နိုင်ခဲ့ပုံနှင့် စစ်အတွင်းက ဘဝအမျိုးမျိုးကို အချစ်အလွမ်းအမုန်းဒေါသ ပေါ်အောင် ရိုက်ကူးပြသထားသောကြောင့် လူတစ်ယောက်ဖြစ်လာရခြင်း၏ ဘဝအပေါ်အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနေထိုင်ခြင်းကို ဖော်ပြထားသော ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တာကြောင့် ကြည့်ရှူဖို့တိုက်တွန်းလိုက်ပါရစေ။

0 comments:
Post a Comment