The Bee Gees: How Can You Mend a Broken Heart (2020)


 

Rating : 8.2/10
Country : United State
Genre : Documentary 
Cast : Barry Gibb, Maurice Gibb, Robin Gibb 
Released Date : 2020
Duration : 1h 51min

အညွှန်း
How Deep Is Your Love ဆိုတဲ့သီချင်းကို လူတိုင်းကြားဖူးမယ်ထင်ပါတယ်။ မကြားဖူးရင်လည်း Too Much Heaven ကိုမြန်မာမှုပြုထားတဲ့ နွေရာသီလမ်းခွဲသီချင်းကိုတစ်ခေါက်လောက်ဖြစ်ဖြစ်ကြားဖူးကြားမှာပါ။ GC ကနေ ခုတစ်ခါမှာတော့ ဒီသီချင်းတွေရဲ့ဖန်ဆင်းရှင် Bee Gees အဖွဲ့ကို ပရိသတ်တို့နဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

ဂီတလောကရဲ့ပုတ်သင်ညိုလို့ တင်စားချက်က သူတို့နဲ့ထိုက်တန်ကြောင်းကို သူတို့ရဲ့ဆယ်စုနှစ်နဲ့ချီအောင်မြင်မှုတွေက သက်သေထူလျက်ရှိပါတယ်။ ပါရမီရှင်ဆိုတာ မွေးရာပါလို့ပြောကြတဲ့အတိုင်း Bee Gees အဖွဲ့ဝင်တွေဖြစ်တဲ့ ဘယ်ရီ ရော်ဘင်နဲ့ မောရစ်တို့ဟာ ငယ်စဉ်ကတည်းက အနုပညာမှာ ထူးချွန်ခဲ့ကြတာပါ။ သူတို့ ၃ ယောက်က အရွယ်ရောက်လာတဲ့အချိန်မှာ အဖေဖြစ်သူရဲ့အကူအညီနဲ့ မိသားစုဝင်တွေနဲ့ Bee Gees အဖွဲ့ကို စတင်ခဲ့တာပေါ့။ ပါရမီရှင်တွေဖြစ်တဲ့သူတို့အတွက် အောင်မြင်မှုဆိုတာ အဆင်သင့်ခပ်ယူရတဲ့‌ ရေလိုပါပဲ။ ဒါပေမဲ့ ဒီလိုထိပ်တန်းအဖွဲ့တစ်ဖွဲ့ဟာ အောင်မြင်မှုရဲ့ဒဏ်ကိုကြာကြာမခံနိုင်ဘဲ ဘားမှာသီချင်းဆိုတဲ့ဘဝကို ရောက်ခဲ့ရတာပါပဲ။

ဂီတလောကရဲ့ ပုတ်သင်ညိုဆိုတဲ့အတိုင်း အောက်ခြေဘဝကနေ R&B တီးဝိုင်းကို သူတို့အခက်အခဲတွေအကြားက တည်ထောင်ကြတဲ့အကြောင်းတွေ၊ ဒီလို Bee Gees အဖွဲ့ရဲ့အကြောင်းတွေတင်မကပဲနဲ့ သူတို့ရဲ့ညီ အန်ဒီကိုစင်တင်ပေးကြပုံတွေ၊ John Travolta ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီး “Saturday Night Fever” ဇာတ်ကားမှာ Soundtrack‌ ရေးပေးခဲ့ကြပုံ‌တွေ၊ အဲ့ဒီခေတ်က ဒစ္စကိုတွေနာမည်ကြီးသွားခဲ့တဲ့ကာလမှာ Bee Gees ကိုအသုံးချပြီး ပဋိပက္ခတွေဖြစ်ကြပုံစတဲ့ အဲ့ဒီခေတ်ရဲ့ အဖြစ်အပျက်ပေါင်းစုံကို ခံစားကြရမှာဖြစ်ပါတယ်။ Bee Gees အဖွဲ့က မွေးထုတ်ပေးခဲ့တဲ့ သီချင်းတွေအားလုံးကို ဒီကားမှာ ခံစားရမှာဖြစ်လို့ Musical Documentary ကိုကြိုက်သူတွေ၊ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့ပြီး “သီချင်း‌လောကကသာစာအုပ်ဆိုရင် သူတို့အကြောင်းက အခန်းတစ်ခန်းစာလောက်ရှိတယ်”လို့ ပြောကြတဲ့ Bee Gees အဖွဲ့ရဲ့သမိုင်းကြောင်းကိုသိချင်တဲ့သူတွေအနေနဲ့တော့ လာကြည့်လှည့်ပါလို့ပဲပြောချင်ပါတယ်

0 comments:

Post a Comment