Oversize Love (2020)


 

Rating : 6.3/10
Country : China
Genre : Drama
Cast : Long Chang, Darren Chen, Ming Fan 
Released Date : 2020
Duration : 1h 44min

အညွှန်း
၁၈ ရက်နေ့ကမှ ထွက်ရှိထားတဲ့ a girl like me ဆိုတဲ့ ဇာတ်ကားလေးထဲကGuang Xiao Tong မင်းသမီး(Lu Han ရဲ့ Girlfriendလေး) ရဲ့ movieလေးပါမင်းသားကလည်း အားလုံးနဲ့ မစိမ်းတဲ့ Love desinger ကားလေးထဲက မင်းသားပါနော်ဇာတ်လမ်း အကြောင်းအရာလေးကတော့….ရှောင်ရှီးဆိုတဲ့ ကောင်မလေးက
သဘောကောင်းပြီး လူတကာကို ကူညီပေးတတ်တဲ့ အတွင်းစိတ်လှသူလေးဆိုပေမဲ့သူဟာ အဝလွန်နေတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် အပြင်ပန်းကိုပဲမြင်ကြတဲ့ယောကျာ်းလေးတွေရဲ့ အထင်သေးမှုကိုခံရတဲ့လူတစ်ယောက်ဖြစ်ပါတယ်သို့ပေမဲ့လို့ သူ့ကို ဘယ်တုန်းကမှ အထင်မသေးဖူးဘဲနဲ့အရာရာဖြည့်ဆည်းပေးတတ်တဲ့လူကတော့ ရှောင်ရှီးရဲ့အချစ်ဆုံးယောကျာ်းလေးသူငယ်ချင်းဖြစ်တဲ့ နာမည်ကျော်ဂီတထုတ်လုပ်သူဟန်ပင်းပါပဲ ရှောင်ရှီးရဲ့ ဆန္ဒတစ်ခုကတော့ အရမ်းချောတဲ့ကောင်လေးတစ်ယောက်နဲ့ ချိန်းတွေ့နိုင်ဖို့ပါ အဲဒါကြောင့် ရှောင်ရှီးက လှပသွယ်လျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်လာခဲ့ပါတယ် ဒါပေမဲ့ သူဟာ အစားအရမ်းကြီးပြီးအားကစားမလိုက်စားတဲ့အတွက် သူ့ရဲ့ဆန္ဒဟာ ပြည့်ဝ မလာခဲ့ပါဘူးသို့ပေမဲ့လည်း ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် နတ်မင်းတစ်ပါးဆီကနေအိမ်မက် ပိန်ဆေး ရလာပြီးတော့ သူ့ရဲ့အိမ်မက်လေး အမှန်တကယ်ဖြစ်လာတဲ့အချိန်ကို ရောက်ရှိလာပါတယ် ဒါပေမဲ့ ပိန်ဆေးရဲ့ဆိုးကျိုးက ၁၀နါရီပဲခံပြီးတော့အချိန်စေ့သွားတဲ့အခါမှာ ပြန်ပြီးဝလာတာပါ အရာရာတိုင်းမှာ သူ့တန်ရာတန်ကြေးရှိတယ်ဆိုတဲ့အတိုင်း အိမ်မက်ပိန်ဆေးရဲ့ အဖိုးအခကဘာဖြစ်နေမလဲ ရှောင်ရှီးလေးကရော ကောင်လေးချောချောလေးနဲ့ချိန်းတွေ့နိုင်မှာလား သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကရောဘယ်လိုတွေကူညီပေးမှာလဲ ဆိုတာကို ဆက်လက်ကြည့်လိုက်ကြရအောင်ပါ

0 comments:

Post a Comment