New York (2009)


 

Rating : 6.8/10
Country : India
Genre : Crime, Drama, Thriller 
Cast : John Abraham, Katrina Kaif, Neil Nitin Mukesh 
Released Date : 2009
Duration : 2h 33min

အညွှန်း
တခါတလေတော့လည်း တချို့အဖြစ်ပျက်တွေက ဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူး။
ကိုယ့်ခံယူချက်နဲ့ကိုယ်တော့အာလုံးကမှန်နေကြတာပါဘဲ။
ဒီဇာတ်လမ်းလေးကတော့ အမေရိကန်နိုင်ငံကို အိန္ဒိယကနေ စကော်လာရှစ်ဆုရလို့
ကျောင်းလာတက်တဲ့ကောင်လေး အိုမာ (Neil Nitin Mukesh) သူ့ရဲ့ပထမဆုံး ပြည်ပကိုထွက်ဖူးတာပါ။
နယူးယောက်ကော်လိပ်မှာရောက်တော့ မာရာ(Katrina Kaif) တို့ ဆမ်း(John Abraham) တို့နဲ့သူငယ်ချင်းတွေဖြစ်လာကြပါတယ်။
သူတို့ရဲ့အိမ်မက်တွေကို ပုံဖော်ဖို့ စိတ်အားထက်သန် နေကြတဲ့အချိန်လေးပေါ့။
သူ့တို့သူငယ်ချင်းသုံးယောက်ရဲ့ပျော်ရွှင်မှုတွေ၊အိမ်မက်တွေကို ဖျက်ဆီးပစ်မယ့်အရာပေါ်လာပါတော့တယ်။
9/11 ဆိုတဲ့ World Trade Center ကြီးကို အကြမ်းဖက်မှုကြီးတစ်ခုအပါဝင်ပေါ့။
“ငါခုံးမတစ်ကောင်ကြောင့်တလှေလုံးပုတ်” ဆိုတဲ့အတိုင်း ရဲတွေကမသင်္ကာတဲ့လူမှန်းသမျှ အကုန်ဆွဲစိကြတာပေါ့။
ပြီးတော့ နည်းမျိုးစုံနဲ့နှိပ်စက်၊ စစ်မေးတာပေါ့
ဘယ်သူ့ကိုအမှုပတ်မလဲ……. နောက်ပြီး ပြန်လွှတ်လာတော့သူတို့ရဲ့ဘဝတွေအရင်လိုလှပနိုင်ပါမလား? နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ကိုယ်တိုင်ဘဲကြည့်ရှုကြပါ။
သရုတ်ဆောင်ပိုင်းအရမ်းကောင်းတဲ့ Ifra Khan က FBI အေးဂျင့်အဖြစ်နဲ့ ပါဝင်ထားတာပါ။ သူငယ်ချင်းသံယောဇဉ်တွေ
9/11 ပြီးတော့ရွှေ့ပြောင်းအခြေချနေထိုင်တဲ့အိန္ဒိယသားတွေအပေါ်ဆက်ဆံမှုတွေကို ဇာတ်ရှိန်အတက်အကျ၊ရင်တမမနဲ့ကြည့်ရှုရမှာပါ။

0 comments:

Post a Comment