The Zoya Factor (2019)


 

Rating : 4.2/10
Country : India
Genre : Comedy, Drama, Romance
Cast : Sonam Kapoor, Dulquer Salmaan, Sanjay Kapoor
Released Date : 2019
Duration : 2h 14min

အညွှန်း
"ဇို ဇို ဇိုယာ"
ကွင်းလုံးပြည့် တခဲနက် သြဘာပေးကြတဲ့အသံပါ။
ဒါပေမယ့် သြဘာပေးခံနေရတဲ့သူကတော့ ကစားကွင်းနဲ့ လားလားမျှ မသက်ဆိုင်တဲ့ မိန်းမပျိုလေးတစ်ဦး။
ဘာလို့လဲ။
ဘာကြောင့်လဲ။
ဒီအကြောင်းကို ပြောရမယ်ဆိုရင်တော့ အိန္ဒိယတွေ ပထမဦးဆုံးကမ္ဘာ့ဖလားကို ကိုင်ခွင့်ရခဲ့တဲ့ ၁၉၈၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ကနေ စပြောရမှာပဲ။
၁၉၈၃ခုနှစ် ဇွန်လ ၂၅ရက်နေ့.....
အဲဒီနေ့မှာ အိန္ဒိယအသင်းကနေ ပထမဦးဆုံး ခရစ်ကက် ကမ္ဘာ့ဖလားကို အနိုင်ရခဲ့တယ်။
အဲဒီနေ့မှာပဲ ဇိုယာဆိုလန်ကီဆိုတဲ့ ကလေးမလေးတစ်ဦးမွေးဖွားလာတယ်။
အဲဒီနေ့မှာ မွေးလို့ ကလေးမလေးကို သူ့အဖေက
 "မင်းတစ်နေ့ကျရင်တော့ အိန္ဒိယကို ကံကောင်းခြင်းတွေယူဆောင်လာပေးတဲ့သူ ဖြစ်လာလိမ့်မယ်"
 ဆိုပြီးဟောကိန်းထုတ်လိုက်တယ်။
ဒီလိုနဲ့ ဇိုယာလေးကြီးပြင်းလာပါရော။ ပညတ်သွားရာ ဓာတ်သက်ပါလို့ပဲဆိုရမလား။ သူမက ခရစ်ကက်နဲ့ပတ်သက်ရင်တော့ တော်တော်အကျိုးပေးတယ်။ဒါပေမယ့် ကိုယ်တိုင်ကတော့ ကံမကောင်းရှာပါဘူး။
အလုပ်မှာလည်း အငြင်းခံရ၊ ရုပ်ရည်ရူပကာနည်းနည်းမှမရှိတဲ့ သွားစိုက်ဆရာဝန်တောင် သူ့ကိုမချစ်လို့ အငြင်းခံရနဲ့ ကံပတ်ချာလည်ဆိုးနေရှာသူပါ။
ဒီလိုနဲ့တစ်နေ့တော့ သူအလုပ်လုပ်တဲ့ ပက်ပ်စီကြော်ငြာကုမ္ပဏီကနေ ကမ္ဘာ့ဖလားကို တက်နွှဲမယ့် အိန္ဒိယလက်ရွေးစင်အသင်းနဲ့ ကြော်ငြာရိုက်ဖို့အကြောင်းဖန်လာပါရော။
ခရစ်ကက်မှာလပ်ကီးကောင်းတဲ့ ဇိုယာလေးတစ်ယောက် ကြော်ငြရိုက်ဖို့ ထိပ်တန်းခရစ်ကက်အသင်းနဲ့ ပက်ပင်းသွားဆုံမိတဲ့အခါ...
ဇိုယာရဲ့ ကံကောင်းမှုကို သိသွားတဲ့ ခရစ်ကက်ဘုတ်အဖွဲ့က ဇိုယာကို အသင်းရဲ့ လာဘ်ကောင်အဖြစ်နေပေးဖို့ ကမ်းလှမ်းလိုက်တဲ့အခါ...
ဇိုယာတစ်ယောက် အသင်းအတွက် ကံကောင်းခြင်းကို ယူဆောင်လာနိုင်မှာလား....
သဘောထားခြင်းလွဲလို့ ချောက်တွန်းခံရတဲ့အခါ ပြန်ပြီးရုန်းကန်နိုင်မှာလား...
အခက်အခဲမျိုးစုံကိုရော ရင်ဆိုင်ကျော်လွှားနိုင်မှာလား 

0 comments:

Post a Comment