ဒီတစ်ခါတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ သုံးဘဝဇာတ်ကား (Anegan),
VIP 1+2 တို့နဲ့ မြန်မာပြည်က အိန္ဒိယပရိတ်သတ်တွေကို ညှို့ယူဖမ်းစားနိုင်ခဲ့တဲ့ Tamil မင်းသား Dhanush ရဲ့ ဇာတ်ကား ဖြစ်ပါတယ်။
ယောက္ခမဖြစ်သူ Rajinikanth ရဲ့ ခြေရာကို နင်းတယ်လို့ ဆိုရအောင် Dhanush ဟာလည်း အောင်မြင်မှုတွေ ရရှိနေတဲ့ Tamil မင်းသားပါ။
# အညွှန်း
အိန္ဒိယနိုင်ငံဟာ ဗြိတိသျှလက်အောက်မှာ အချိန်ကြာမြင့်စွာ ရှိတဲ့ဖူးတဲ့အတွက် ဗြိတိသျှတွေ ထွက်ခွာသွားပြီးနောက်ပိုင်း ဆိုးမွေအဖြစ်နဲ့
ပြဿနာပေါင်း သောင်းခြောက်ထောင် ကျန်ရစ် ခံစားခဲ့ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ဒီလိုပြဿနာတွေကြားမှာမှ မြေရှင် ၊ အလုပ်သမားပြသနာတွေကလည်း ဖွံဖြိုးမှု နောက်ကျကျန်ရစ်တဲ့ ဒေသတွေမှာ အမြစ်စွဲနေပါတော့တယ်။
ငွေကြေးဥစ္စာ ကြွယ်ဝသူက မရှိဆင်းရဲသားတွေကို ကျွန်တွေ ၊ အခိုင်းအစေတွေလို့ သဘောထားတယ်။
ဇာတ်နိမ့်သူတွေအဖြစ် လူရာမသွင်းကြပါဘူး။
ဒီဇာတ်ကားမှာလည်း မြေယာပြဿနာကို အခြေခံပြီး ရွာတစ်ရွာမှာရှိတဲ့ မိသားစု နှစ်ခုကြားက ကြီးမားတဲ့
လက်စားချေ ရန်ညှိုးဖွဲ့ သတ်ဖြတ်ကြပုံတွေကို တင်ဆက်ထားပါတယ်။
အိုဗာ အက်ရှင်တွေ မပါပါဘူး။
ဓားချင်းယှဉ်ခုတ်တာ ၊ လှံချင်းယှဉ်ထိုးတာတွေဟာ အသည်းယားစရာ ကောင်းလှတာကြောင့်
သွေးထွက်သံယိုပြကွက်တွေ ပေါပေါသီသီ ပါဝင်နေပါတယ်။
အရွယ်မရောက်သေးသူများ ၊ ကလေးသူငယ်များ အုပ်ထိန်းသူနှင့်အတူ (သို့မဟုတ်)
အုပ်ထိန်းသူ ခွင့်ပြုချက် ရမှ ကြည့်သင့်ပါတယ်။

0 comments:
Post a Comment