Rating : 6.4/10
Country : United State
Genre : Comedy, Romance
Cast : Ryan Reynolds, Tara Reid, Tim Matheson
Released Date : 2002
Duration : 1h 32min
Country : United State
Genre : Comedy, Romance
Cast : Ryan Reynolds, Tara Reid, Tim Matheson
Released Date : 2002
Duration : 1h 32min
အညွှန်း
ကျောင်းကို အရမ်းချစ်လို့ ကောလိပ်မှာ ၇နှစ်တိုင်တိုင် တက်နေတဲ့ ဗန် ဝိုင်းလ်ဒါ ဆိုတဲ့ ကောင်လေးတစ်ယောက်…ဆောင်းပါးရေးရတာ သဘောကျပြီး အနာဂတ်မှာလည်း စာနယ်ဇင်းသမားဖြစ်ချင်နေတဲ့ ဂွမ် ပီယာဆင် ဆိုတဲ့ ကောင်မလေးတစ်ယောက်…သူတို့နှစ်ယောက် တွေ့ဆုံကြပုံလေးတော့ ဆန်းကြယ်ပါတယ်။ ဗန်ဟာ ပျော်ပျော်နေတတ်ပြီး လူတိုင်းကို ကူညီချင်စိတ်ရှိတဲ့ ကောင်လေးတစ်ယောက်ပါ။ ဒါပေမယ့်လည်း သူက ပညာရေးထက် အခြားအရာတွေမှာသာ အချိန်ကုန်ဆုံးလေ့ရှိတာကြောင့် ကျောင်းတက်နှစ် ၇နှစ်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူ့အဖေကလည်း စိတ်တိုပြီး သူ့ရဲ့ကျူရှင်စရိတ်ကို ဆက်မထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက ဗန်အတွက် အနည်းငယ် အကျပ်ရိုက်သွားသလို ဖြစ်ပေမယ့်လည်း သူဟာ ပါတီပွဲတွေကို စည်ကားအောင်စီစဉ်ပေးတဲ့အတွက်ကြောင့် အဲ့ဒီကရတဲ့ ပိုက်ဆံနဲ့ ကျောင်းဆက်တက်နိုင်ခဲ့ပါတယ်။ဒီအရည်အချင်းကပဲ ဗန် နဲ့ ဂွမ်တို့ကို တွေ့ဆုံစေခဲ့တာပါ။ ဂွမ်ရဲ့ အယ်ဒီတာက ဗန့်အကြောင်းကို စိတ်ဝင်စားလို့ ဆောင်းပါးရေးခိုင်းခဲ့ပါတယ်။ ပထမအစမှာ နှစ်ယောက်သား ပဋိပက္ခရှိခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ရင်းနှီးလာခဲ့ပါတယ်။
တစ်နေ့မှာ ဗန်ရဲ့ပါတီပွဲကို တမင်ဖျက်ဖို့်ကြံစည်နေတဲ့သူတွေက ကလေးငယ်တွေကို လူမသိအောင် ပါတီထဲခေါ်သွင်းခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဗန်ဟာ အဖမ်းခံရပြီး ကျောင်းထုတ်ခံရဖို့ထိဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဗန်တစ်ယောက် ကျောင်းအထုတ်ခံရမလား။
ဂွမ် နဲ့ကော ချစ်သူတွေဖြစ်လာမလား။
ဘွဲ့ရအောင်ကော ကြို;စားလာမလား ဆိုတာသိချင်ရင်တော့ ကိုယ်တိုင်သာ ကြည့်ရှုလိုက်ပါနော်။
Comedy နဲ့ Romance အမျိုးအစားလေးဖြစ်လို့ ရယ်စရာ ပျော်စရာ ဟာသဇာတ်ကွက်လေးတွေကို
ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ။

0 comments:
Post a Comment