Asterix & Obelix: Mission Cleopatra (2002)


 

Rating : 6.6/10
Country : United State
Genre : Adventure, Comedy, Family
Cast : Gérard Depardieu, Christian Clavier, Jamel Debbouze
Released Date : 2002
Duration : 1h 47min

အညွှန်း
ရောမဘုရင် ဂျူးလိယက်ဆီဇာ ဟာ တိုက်တိုင်းအောင်စစ်ဘုရင်ကြီးဖြစ်နေတော့အီဂျစ်ဘုရင်မ ကလီယိုပါထရာနဲ့တွေ့တဲ့ချိန် အီဂျစ်သားတွေကို အထင်အမြင်သေးစွာ ပြောဆိုလိုက်တယ်…ဒါကို ကလီယိုပါထရာက တင်းပြီး အီဂျစ်သားတွေဟာ သမိုင်းဝင်ပိရမစ်တွေကို ဘယ်လိုဆောက်ခဲ့ကြောင်း ကြီးကျယ်ကြောင်း ပြန်ချေပတယ်..ဒီလို အီဂျစ်သားတွေ ကြီးကျယ်ကြောင်းသက်သေပြဖို့ ဆီဇာနဲ့ အလောင်းအစားတစ်ခုလုပ်လိုက်တယ်..၃ လအတွင်း နန်းတော်ကြီးတစ်ခု အပြီးဆောက်ပြမယ်ဆိုပြီးတော့ပေါ့…ဒီနန်းတော်ကိုဆောက်ဖို့ အီဂျစ်မှာ တလွဲလုပ်နေကျ ဗိသုကာပညာရှင် အက်ဒစ်ကို ခိုင်းလိုက်တဲ့အခါ…အက်ဒစ်ဆိုတာက နယ်နယ်ရရ ဗိသုကာပညာရှင်တော့မဟုတ်ပါဘူး..ပြတင်းပေါက်ကို လက်လှမ်းမမီတဲ့နေရာမှာဆောက်တဲ့လူမျိုးပါ…၃ လနဲ့အပြီးဆောက်ဖို့ မဖြစ်နိုင်တဲ့အဆောက်အဦးကို အက်ဒစ်တစ်ယောက် ဘယ်လိုဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆောက်မလဲ..သူ့ကို ချောက်တွန်းမယ့်လူရော မှော်အစွမ်းတွေနဲ့ကူညီမယ့်လူတွေရောရှိနေတာမို့ ဘယ်လိုဖြစ်ပျက်မလဲဆိုတာ ကြည့်ရမှာပါ။ဒီဇာတ်ကားက သမိုင်းနောက်ခံ ဟာသစွန့်စားခန်း ပြင်သစ်ဇာတ်ကားဖြစ်ပြီးတော့ ကလီယိုပါထရာအဖြစ် Monica Bellucci ,အက်ဒစ်အဖြစ် Jamel Debbouze , Astrix အဖြစ် Christian Clavier , Obelix အဖြစ် Gérard Depardieu တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်..Astrix ၏ စွန့်စားခန်းများ Comic Book ကို ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်..Astrix ဇာတ်ကား ၅ ကားရှိပြီး ဒီကားကတော့ ဒုတိယကားပါ…(မတ်မတ် မိုနီကာပါလို့ ဒီကားကိုပဲ တင်ဖြစ်သွားတာပါ။)Astrix ဇာတ်ကားတွေဟာ ကုန်ကျစရိတ်အများဆုံး ပြင်သစ်ဇာတ်ကားတွေဖြစ်ပါတယ်..အခုကားကိုလဲ ခမ်းခမ်းနားနားရိုက်ကူးထားတာတွေ့ရပါတယ်။ဒီဇာတ်ကားဟာ $58.5 million သုံးစွဲခဲ့ပြီး Box Office မှာ $128 million ပြန်ရခဲ့လို့ စီးပွားရေးအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။Comedy ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုဖို့သင့်တော်တဲ့ဇာတ်ကားပါ။

0 comments:

Post a Comment