Superintelligence (2020)


 

Rating : 5.3/10
Country : United State
Genre : Comedy, Romance, Sci-Fi 
Cast : Melissa McCarthy, James Corden, Bobby Cannavale
Released Date : 2020
Duration : 1h 46min

အညွှန်း
A.I ဆိုတာကတော့ ဒီခေတ်မှာလူတိုင်းလိုလိုရင်းနှီးနေကြမယ့် စကားလုံးတစ်လုံးဖြစ်မှာပါ။ဒီကားထဲမှာတော့ Superintelligence လို့သူ့ဘာသူ နာမည်တပ်ထားတဲ့ A.I ကနေ ကမ္ဘာကြီးကို
စစ်ပွဲတွေ၊  ရောဂါတွေမရှိတော့တဲ့အနေအထားထိ ပြုပြင်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။
ဒါပေမယ့် အဲ့လိုအခြေအနေမျိုးဖြစ်ဖို့က လူသားအားလုံးကိုကယ်တင်မယ် (သို့) လူသားအားလုံးကိုကျွန်ပြုမယ် (သို့) လူသားအားလုံးကိုမျိုးတုံးပစ်မယ် ဆိုပြီး ဖြစ်နိုင်ချေသုံးခုရှိနေတယ်။ အဲ့ဒါကို A.Iကနေ သေသေချာချာဆုံးဖြတ်နိုင်ဖို့အတွက် လူသားအဆန်ဆုံးလူတစ်ယောက်ကိုရွေးပြီး အနီးကပ်လေ့လာပါတော့တယ်။ တနည်းအားဖြင့် ကမ္ဘာကြီးရဲ့အဆုံးအဖြတ်က အဲ့ဒီလူအပေါ်မူတည်သွားတာပဲဖြစ်ပါတယ်။ အဲ့ဒီလူက ကာရိုး ဆိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကာရိုးအနေနဲ့ လူသားတွေက ကယ်တင်ထိုက်ပါတယ်ဆိုတာကို သတ်သေပြနိုင်သွားမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် . . .ကားရိုးအဖြစ်သရုပ်ဆောင်ထားတဲ့ Melissa McCarthy ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးပါပဲ။သူပါဝင်သရုပ်ဆောင်ထားတဲ့ The Spy (2015), The Heat (2015), Ghostbusters (2016)  စတဲ့ Comedy,Action ကားတွေဆိုအတော်များများ ကြည့်ဖူးကြမှာပါ။ ဒီကားထဲမှာလဲ လေးလေးနက်နက်တွေးမိစရာလေးတွေကိုComedy ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ ပါးပါးလေးတွေ ရိုက်သွင်းပြီး အူရွှင်ရအောင်ရိုက်ပြထားသလို ဒီကားထဲမှာလဲသဘာ၀န်ဆန်ဆန် ဟာသတွေနဲ့ ဆွဲဆောင်ဦးမှာဖြစ်တာမလို့ ကိုဗစ်ကာလမှာလောင်နေကြမယ့်အစား မြူးရအောင်တင်ဆက်ပေးလိုက်ပါတယ်။

0 comments:

Post a Comment