As Good as It Gets (1997)

 

Rating : 7.7/10
Country : United State
Genre : Comedy, Drama, Romance 
Cast : Jack Nicholson, Helen Hunt, Greg Kinnear
Released Date : 1997
Duration : 2h 19min

အညွှန်း
ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့
ဇာတ်ကားလေးကတော့ … ၁၉၉၇ ၀န်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး..ပုံမှန်မြင်တွေ့နေကြရှေးဟောင်းဇာတ်လမ်းတွေလို အဓိကဇာတ်ဆောင်နှစ်ယောက်ကို လှည့်ပတ်ရိုက်ပြတာမျိုးမဟုတ်ဘဲ…ဇာတ်လမ်း တင်ဆက်ပုံအသွားအလာတွေ ထူးခြားစွာကွဲထွက်နေတဲ့ ဒါရိုက်တာ James L. Brooks ရဲ့ ကားလေးပဲ ဖြစ်ပါတယ်…ဇာတ်လမ်းထဲမှာတော့…OCD ဖြစ်နေတဲ့ လူ့ဂွစာ စာရေးဆရာလူပျိုကြီး၊ မယ်လ်ဗင် ယူဒေါလ် ဟာ သူ့ရဲ့အိမ်နီးချင်း လူငယ် Gay ပန်းချီဆရာ၊ဆိုင်မွန် နဲ့ ခွေးလေး ဗာဒဲလ် ကို အင်မတန်မှ အမြင်ကတ်သူပါ… လူ့ဂွစာလူပျိုကြီးပီပီ အသန့်အပြန့်အလွန်ကြိုက်တော့ တွေ့ကရာသေးပန်းတတ်တဲ့ ခွေးလေး ဗာဒဲလ်က သူ့အတွက်တော့ တကယ့်အနှောက်အယှက်လေးပါပဲ…
ပတ်၀န်းကျင်က ဘယ်သူနဲ့မှ ကီးမကိုက်တဲ့ ဒီလူကြီးကို သည်းခံတဲ့သူတစ်ယောက်တော့ရှိပါသေးတယ်…သူကတော့ မယ်လ်ဗင် သွားနေကြစားသောက်ဆိုင်က စားပွဲထိုးမလေး ကာရိုးလ် ပဲဖြစ်ပါတယ်…အဲ့ဒီနောက်မှာတော့စာလေးရေးပြီး တစ်ယောက်ထဲ အေးအေးလူလူ နေတတ်တဲ့ မယ်လ်ဗင် တစ်ယောက်… ရုတ်တရက်ဆိုသလို သူ့ဘ၀မှာအလှည့်အပြောင်းမျိုးစုံကြုံလာရတဲ့အခါမှာတော့……ဒီဇာတ်လမ်းမှာတော့ နာမည်ကျော်မင်းသားကြီး တွေဖြစ်တဲ့ Jack Nicholson ၊ Greg Kinnear နဲ့ မင်းသမီးချောလေး Helen Hunt တို့က အတွဲအဖက်ညီညီ သရုပ်ဆောင်ထားပြီး….
အကယ်ဒမီဆုပေါင်း ၁၇ ဆုတိတိ ဆွတ်ခူးထားတဲ့ ကားဖြစ်တဲ့အတွက်  ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်မယ်ဆိုတာ အသေအချာပါပဲဗျာ

0 comments:

Post a Comment