Twenty Again (2015)

16 Episodes

Rating : 8.2/10
Country : South Korean
Genre : Comedy,Romance,Life,Drama
Cast : Choi Ji Woo,,Lee Sang Yoon,Choi Won Young

ချာတိတ်မလေး Han No-ra ဟာ dancerဖြစ်ချင်တဲ့အိပ်မက်ရှိပေမယ့် မမျှော်လင့်ပဲဆယ့်ကိုးနှစ်အရွယ်နဲ့ ကိုယ်ဝန်ရသွားတော့ ကျောင်းထွက်ပြီးအိမ်ထောင်ပြုလိုက်ရပါတော့တယ်။နှစ်နှစ်ဆယ်ကြာပြီးတဲ့နောက်တော့ သူမက အိမ်ထောင်ရှင်မနဲ့မိခင်တစ်ယောက်ဖြစ်နေပါပြီ။ဒါပေမဲ့ ကွာရှင်းတော့မယ့်အခြေအနေရောက်နေပြီး No-raဟာပန်ကရိယကင်ဆာဖြစ်နေကာ ခြောက်လပဲအသက်ရှင်တော့မယ်မှန်းသိလိုက်ရတဲ့အခါ...။ဒါကြောင့် သူမ ဆုံးခန်းတိုင်မသင်လိုက်ရတဲ့ပညာရေးကိုပြန်လေ့လာဖို့ဆုံးဖြတ်ပြီး တက္ကသိုလ်ကျောင်းသူဘဝအတွေ့အကြုံရှာဖွေပါတော့တယ်။ဒါပေမဲ့ တက္ကသိုလ်မှာ
သူမသားနဲ့သားဖြစ်သူရဲ့ကောင်မလေးဟာ အတန်းဖော်ဖြစ်လာတဲ့
အခါ။ပါမောက္ခဖြစ်တဲ့ခင်ပွန်းKim Woo-chulကလည်း ထိုတက္ကသိုလ်မှာပဲ psychologyသင်ဖို့ လက်ခံလိုက်ပြီး သူမကို အထက်တန်းကျောင်းတည်းက crushခဲ့တဲ့ အနုပညာပြဇာတ်မေဂျာက ပါမောက္ခ Cha Hyun-Seokနဲ့ပါ ပြန်တွေ့လေတော့.....။
ဇာတ်လမ်းလေးက စိတ်ဝင်စားစရာလေးပါ။ခြောက်လပဲအသက်ရှင်
တော့မယ့် No raတစ်ယောက် သူ့ခင်ပွန်းနဲ့ပဲပြန်ပေါင်းမလား။
ငယ်ငယ်က သူမကိုcrushခဲ့တဲ့ကောင်လေးကိုပဲ ပြန်ကြိုက်မလား
ဆိုတာ ဒီ Twenty again ဇာတ်ကားလေးမှ
စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
Han No-raအဖြစ် အချစ်လှေကားထစ်လေးများ ထဲက မမChoi Ji-woi, Cha Hyun-Seokအဖြစ် VIPဇာတ်ကားထဲက မင်းသား
Lee Sang-yoonနဲ့ Kim Woo-Chulအဖြစ် မင်းသား Choi Won-youngတို့ ပါဝင်ထားတဲ့အပြင် တခြားသော သရုပ်ဆောင်များလည်း ရိုက်ကူးတင်ဆက်ထားပါတယ်။

0 comments:

Post a Comment