The Executioner (2009)



Rating : 6.2/10
Country : Korea
Genre : Drama 
Cast : Su-yeon Cha, Hyun-jae Cho, Jae-Hyun Cho
Released Date : 2009
Duration : 1h 38min

အညွှန်း
The Executioner ဆိုတဲ့ ဇာတ်လမ်းလေးမှာတော့
အကျဉ်းထောင်မှာ အလုပ်လုပ်ကြတဲ့ ရဲအရာရှိတွေရဲ့ ဘဝကို ဖော်ပြပေးထားပါတယ်
လူဆိုး လူမိုက် သူခိုး လူလိမ်တွေ အများအပြား စုဝေးရာ
ဒုစရိုက်လောကသားတွေ လူသတ်သမားတွေ များစွာရှိနေတဲ့
ဒီလို အကျဉ်းထောင်မှာ အလုပ်လုပ်ရတဲ့ သူတွေရဲ့ အခက်အခဲတွေကို မြင်တွေ့ရမှာပါ…ဇာတ်လမ်းအကျဉ်းအို့ဂျယ်ယောင်းဟာ အကျဉ်းထောင်မှာ အလုပ်လုပ်ဖို့ အသစ်ရောက်လာတဲ့ အရာရှိလေးတစ်ယောက်ပါ
အသစ်ရောက်တဲ့ ရဲအရာရှိ အငယ်လေးမို့လို့ အကျဉ်းသားတွေက မထီမဲ့မြင်လုပ်ကြပါတယ်တစ်ရက်မှာတော့ ကွင်းဆက်လူသတ်မှုနဲ့ သေဒဏ်ချခံရတဲ့ အကျဉ်းသားတစ်ယောက် သူတို့ အကျဉ်းထောင်ကို ရောက်လာခဲ့ပါတယ်
အဲ့လူက အို့ဂျယ်ယောင်းကို ပြဿနာရှာဖို့ ကြံနေချိန်မှာပဲ
စီနီယာအရာရှိတစ်ယောက်ဖြစ်တဲ့ ဘယ်ဂျုံဟိုက ဝင်ရောက် ကူညီပေးခဲ့တဲ့နောက်…
သိပ်မကြာခင်အချိန်မှာပဲ
အကျဉ်းသား ၃ ယောက်ကို သေဒဏ်စီရင်ဖို့ အထက်က အမိန့်ကျလာပါတယ်
စီရင်ပေးရမယ့်သူကို မဲနှိုက်ဆုံးဖြတ်တဲ့အခါ အို့ဂျယ်ယောင်းလည်း ပါဝင်နေခဲ့ပါတယ်
အို့ဂျယ်ယောင်းတစ်ယောက် ဒီလို အလုပ်ကြီးကို လုပ်နိုင်ပါ့မလား
ဘယ်လိုအခက်ခဲတွေ ဆက်ကြုံရမလဲဆိုတာ
ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော်…။

0 comments:

Post a Comment