For the Broken Hearted (2018)



Rating : 6.8/10
Country : Philippines
Genre : Drama
Cast : Yassi Pressman, Sam Concepcion, Marco Gumabao
Released Date : 2018
Duration : 1h 32min

အညွှန်း
လူတိုင်းက အချစ်ဦးကို မေ့လို့ရမှာမဟုတ်ဘူးထင်ပါရဲ့…အချစ်ဆိုတာ ချိုလား ခါးလား ရသမျိုးစုံ ခံစားနေကြလေရဲ့။ အချစ်ရှေ့မှာဒူးထောက်အရှုံးပေးကြသူရှိသလို အချစ်မှာပျော်ရွှင်နေကြသူလည်းရှိပါတယ်။ဒီဇာတ်ကားမှာလည်း လူသုံးယောက်ရဲ့အချစ်ရေးအကြာင်းကိုရိုက်ကူးပြသထားပါတယ်။သူတို့က ဘယ်လိုပုံစံနဲ့စတွေ့ခဲ့ပြီး ဘယ်လိုအချစ်မျိုးနဲ့တွေ့ကြုံခဲ့ပြီး ဘယ်လိုအဆုံးသတ်သွားကြတာလဲဆိုတာကို
စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အချစ်ရေးအဆင်မပြေလို့အန်တီအိမ်မှာသွားနေဖို့ ဆုံးဖြတ်လိုက်တဲ့ ဂျက်ခီနဲ့စတွေ့ရမှာပါ။ သူက ကားဂိတ်မှာ အတွေ့အကြုံတူညီတဲ့ကတ်နဲ့ဆုံခဲ့ပါတယ်။ ဒီလိုစကားပြောရင်း သူတိုနှစ်ယောက်က သူတို့ကြုံတွေ့ခဲ့တဲ့အကြောင်းတွေကို အချင်းချင်းပြောပြရင်ဖွင့်ခဲ့ပါတယ်။တကယ့်ကို ကြည့်ကောင်းပြီး လူငယ်ဘဝမှာကြုံတွေ့နိုင်တဲ့ အချစ်အကြောင်းတွေကို ချစ်စဖွယ်ရိုက်ကူးထားတဲ့အတွက်ကြောင့်စိတ်ဝင်တစားကြည့်ရှုအားပေးကြပါဦး။

0 comments:

Post a Comment