A Hidden Life (2019)

Rating : 7.4/10
Country : United State
Genre : Biography, Drama, Romance 
Cast : August Diehl, Valerie Pachner, Maria Simon 
Released Date : 2019
Duration : 2h 54min

 ဒုတိယကမ္ဘာစစ်အတွင်းကာလက ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီးရိုက်ထားတဲ့ ကားလေးပါ ။ လယ်အလုပ်လုပ်ရင်းရဲ့ ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့ ဖရန့်နဲ့ ဖာနီတို့ ဇနီးမောင်နှံရဲ့အကြောင်းလေးက အဓိကပါပဲ ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီပါတီရဲ့တပ်သားအဖြစ်ပါဝင်ဖို့ ဖရန့်ကိုဆင့်ခေါ်ခဲ့ပါတယ် ။ ဖရန့်က နာဇီအတွက်စစ်သားလုပ်ပေးဖို့ ငြင်းတဲ့အခါ မိသားစုနဲ့ဝေးရာမှာအကျဉ်းချထားပြီး နည်းမျိုးစုံနဲ့လက်ခံလာအောင် ခြိမ်းခြောက်ပါတယ် ။ ဖရန့်က စစ်သားလုပ်ဖို့ ငြင်းတဲ့အတွက်ကြောင့် ဖာနီတို့မိသားစုကိုလည်း ရွာကပယ်ထားကြပါတယ် ။ မိန်းမသားတယောက်တည်း လယ်အလုပ်တွေလုပ်တာကို ကူညီမယ့်သူမရှိတဲ့ အပြင်ပွဲတော်တွေကနေလည်း ဖယ်ကျဉ်ခြင်းခံရတာပါ ။ နာဇီကိုသစ္စာမခံရင် သေဒဏ်အထိကျနိုင်ကြောင်းကို သိရတဲ့ ဖာနီက ဖရန့်ဆီလိုက်လာပြီး ဘာတွေဆက်ဖြစ်မလဲ ။ နောက်ဆုံးအချိန်ရောက်တဲ့အခါ ခံယူချက်ကိုပြောင်းပြီး အသက်ရှင်မယ့်လမ်းကိုရွေးမလားဆိုတာ ဒီကားမှာကြည့်လိုက်ရအောင် ။

0 comments:

Post a Comment