10 Episodes
Rating : 8.8/10
Country : South Korean
Genre : Thriller.Mystery,Horror,Psychological,Drama
Cast : Im Shi Wan,Lee Dong Wook
ဘာမှန်းမသိရပဲ အရမ်းစပ်စုတဲ့ အဆောင်ပိုင်ရှင်အဒေါ်ကြီး တွေ့လိုက်တိုင်း porn တွေကြည့်နေတဲ့ နှာဘူးတစ်ယောက်
ကြပ်မပြည့်မတ်မပြည့်ညီအစ်ကို၂ယောက် ရုပ်ကလေးချောချောလေးနဲ့ဘာလုပ်လို့ဘာကိုင်မှန်းမသိ အိတ်တစ်လုံးနဲ့လျှောက်သွားနေတဲ့လူတစ်ယောက်
အဲ့လိုမျိုးအရှုတ်ထုတ်တွေကြားထဲကိုရောက်သွားတဲ့ မွဲတေနေတဲ့ အလုပ်သစ်ရကာစကောင်လေးတစ်ယောက် အဲ့ရပ်ကွက်ကကြောင်တွေ၁၃ကောင်ဆက်တိုက်သေတယ်
ကြောင်သေမှုကိုစုံစမ်းချင်နေတဲ့ရဲမေလေးတစ်ယောက်ရှိတယ်
ပရဟိတတွေလုပ်ပြီးချောမောတဲ့သွားဆရာ၀န်တစ်ယောက်လဲပါတယ်
အဲ့ရပ်ကွက်မှာ လူပျောက်မှုတွေလဲမကြာမကြာဖြစ်တတ်တယ် ဒီကားကဘယ်လိုကားမျိုးလဲ
parasite ကိုကြည့်ပြီးပြီလား အဲ့ကားကိုကြည့်တုန်းမှာ ခံစားရတဲ့ခံစားမှုကိုမှတ်မိသေးလား
မွန်းကြပ်မှု အားမလိုအားမရဖြစ်မှု ကြောက်လန့်မှု စိတ်လှုပ်ရှားမှု အဲ့လိုတွေခံစားခဲ့ရတယ်မို့လား
ဒီကားက အဲ့လိုခံစားမှုမျိုးကို အပိုင်း ၁၀ပိုင်းနဲ့ခံစားရမှာပဲ မယုံမရှိနဲ့ တစ်ပိုင်းကြည့်ပြီးရင် နောက်အပိုင်းတွေကိုမကြည့်ပဲမနေနိုင်လောက်အောင်ဆွဲဆောင်မှုရှိတယ်
ဆွဲဆောင်မှုအရှိဆုံးအပိုင်းကတော့ ကိုယ်တွေအရမ်းချစ်ရတဲ့ ဂေါ်ဘလင်ကားထဲက သေမင်းဦးဦးကို ဘယ်ကားထဲမှာမှမတွေ့ဖူးသေးတဲ့ဇာတ်ကောင်နဲ့တွေ့ရမှာပဲ
ပြီးတော့ OCN ကရိုက်တဲ့ကားမို့ ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်
ဘာမှမရရင်တောင်မှ နောင်တတော့ရမှာပါ ကြည့်ပြီးရင် စိတ်ထဲကမထုတ်နိုင်တော့လို့ ငါဘာလို့ကြည့်မိတာလဲဆိုပြီးတော့
0 comments:
Post a Comment