ဒီတစ်ခါတော့ Bollywoodဖန်တွေအတွက် Hrithik Roshan ကို လက်ပွားမင်းသားဆိုပြီးကမ္ဘာတွင်မက မြန်မာပါကျော်စေတဲ့ Kaho Naa Pyaar Hai ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကား ဘယ်လောက်နာမည်ကြီးလဲဆိုတာ ပြောစရာ မလိုလောက်အောင်ပါပဲ ့့့ သရုပ်ဆောင် အသစ်တွေသုံးပြီး ပွဲဦးထွက် ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Rakesh Roshan ရဲ့ အစွမ်းကတော့ ၂ဝဝဝခုနှစ်မှာ ရုပ်ရှင်ကားထွက်ခဲ့ပြီး ၂၀၀၀၁မှာတော့ Best Actor Best Male Debut Best Female Debut Best Film Best Music Director Best Director အစရှိတဲ့ ဆုပေါင်းများစွားနဲ့ အိန္ဒိယမှာကော နိုင်ငံတကာမှာပါ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရိုးသားကြိုးစားပြီး အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ဖို့ အိပ်မက်နဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ရိုဟစ်ဟာ ကြီးကြီးတက်ချမ်းသာပြီး လိုလေသည့်မရှိ သူဌေးသမီး တစ်ဦး ဖြစ်သူ ဆိုနီယား နှင့် မထင်မှတ်ပဲ ဆုံတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အဆင့်တန်းကွာခြားမှုကြောင့် သူတို့ချစ်ခရီးဟာ မဖြောင့်ဖြူးခဲ့ပါဘူး ရိုဟစ် အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ခါနီးမှ ကံကြမ္မာဆိုး တစ်ခုနဲ့ ကြုံတွေ့လာရသောအခါ ့့့့့ #တေးသီချင်း အလန်းစားတွေနဲ့ ဇာတ်လမ်း ဇာတ်အိမ် ခိုင်ခိုင်နဲ့ ပီတီဖြာစရာ အခန်းလေးတွေဆို ကိုယ်တိုင် ပြုံးမိသလို တချို့တချို့ လွမ်းခံလေးတွေကလည်း မျက်ရည်ဝဲစေလောက်ပါတယ်။

0 comments:
Post a Comment