Jaanwar (1999)


Rating : 5.9/10
Country : India 
Genre : Action, Crime, Drama
Cast :  Akshay Kumar, Karisma Kapoor, Shilpa Shetty Kundra 
Released Date : 1999
Duration : 2h 52min 

အညွှန်း

အက်ရှေးကူးမားရဲ့ အကောင်းဆုံးနဲ့ အကြိုက်ဆုံးကားပါ.မျက်ရည်သုတ်ဖို့ တစ်သျူးလေးပါ ဆောင်ပြီးမှ ကြည့်ပါ.သီချင်းတွေလဲ အရမ်းကောင်းလို့ (လုံးဝ) လက်မလွှတ်သင့်ပါဘူး


လောကမှာ ဆင်းရဲမှု့ထက် ကြီးမားတဲ့ ကျိန်စာမရှိဘူး.ဆာလောင်မှု့ထက် ဆိုးရွားတဲ့ ဝေဒနာမရှိတော့ဘူး.


ငယ်စဉ်က ငတ်ပြတ်ပြီး မိခင်ကြီးသေဆုံးမှု့ကို ခံစားလိုက်ရတဲ့ ကောင်လေးတယောက်.မိဘမဲ့ဘဝမှာ တွေ့ဆုံခဲ့ရတာ ဒုစရိုက်သမားတယောက်.အသိပညာ အတတ်ပညာဆိုတာမသိ. တရားမူ့နဲ့ မတရားမူ့ဆိုတာ မသိပဲ လောဘရဲ့ လမ်းစဉ်ကိုလိုက်ပြီး ဒုစရိုက်သမားတယောက် ဖြစ်ခဲ့ရတယ်။


တရားဥပေဒကို ရှောင်ပြေးရင်း သူ့ဘဝမှာ တွယ်တာစရာမိန်းကလေးတယောက်နဲ့ဆုံတွေခဲ့တယ်။


အတိတ်ကို ခဝါချပြီး ဘဝအသစ်ထူထောင်ဖို့ ကြိုးစားလာတဲ့ အချိန်မှာတော့ သူ့အတိတ်က သူ့ကို ခွင့်ပြုလေပါ့မလာ...


ဘော်လီဝုဒ်ရဲ့ နာမည်ကြီးမင်းသား အက်ရှေးကူမားရဲ့ အကောင်းဆုံး ဇာတ်ကားတကားကိုပြပါဆိုရင် Jaanwar ကိုလည်းပြရပါလိမ့်မယ်။


တကယ့်အနှစ်ကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေအတွက် သိပ်မညွှန်းတော့ဘူး.ဒေါင်းသာကြည့်လိုက်ပေတော့.

 

0 comments:

Post a Comment