School (2013)

16 Episodes

Rating : 8.3/10
Country : South Korean
Genre : Friendship,Life,School,Youth,Drama
Cast : Choi Daniel,Jang Na Ra,Lee Jong Suk,Kim Woo Bin,Park Se Young,Kwak Jung Wook

2017 ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးကျောင်းကား စစ်စစ် Drama ကောင်းလေးဖြစ်မှာသေချာတဲ့ #School2017 ဒီဇာတ်လမ်းအကြောင်းမစခင်မှာ School 2017 ရယ်လို့ အမည်တွင်လာအောင် လွန်ခဲ့တဲ့နှစ်များစွာကတည်းက စတင်ခဲ့တဲ့ School Drama Series တွေရဲ့ရာဇဝင်ကိုပြောပြချင်ပါတယ် 1999 ခုနစ်ကနေစတင်ပြီး KBS ရဲ့ drama နယ်ပယ်မှာ School 1 (KBS2 / 1999) School 2 (KBS2 / 1999-2000) School 3 (KBS2 / 2000-2001) School 4 (KBS2 / 2001-2002) School 2013 (KBS2 / 2012-2013) Who Are You: School 2015 (KBS2 / 2015) ရယ်ဆိုပြီး စတဲ့ အစဉ်အလာနဲ့ ပရိတ်သတ်တွေရဲ့ကြားမှာ မှတ်တိုင်တမျိုးစီစိုက်ထူပြီး ဖမ်းစားအမှတ်ရစေနိုင်ခဲ့တဲ့သည် School Drama တွေရဲ့ 7 ကားမြောက်နောက်ထပ်မျိုးဆက်သစ်တစ်ခုအဖြစ် ရောက်ရှိလာပြီဖြစ်တဲ့ School 2017 ဟာ အထူးသဖြင့် လူငယ်ပရိတ်သတ်တွေအတွက်မျှော်လင့်စရာအကောင်းဆုံး DramaSeries အဖြစ်ကြည့်ရှုခံစားဖို့ရာ ထုတ်လွှင့်ပြသတော့မည်ဖြစ်ပါတယ် . _ Synopsis _ သူတို့ရဲ့ တတ်စွမ်းတဲ့ အရည်အသွေးတွေအရကျောင်းက သတ်မှတ်ပေးထားတဲ့ အဆင့်အလိုက်ထူးချွန်စွာ သင်ယူနေကြရတဲ့ အထက်တန်းကျောင်းသား . ကျောင်းသူ တွေ … သူတို့တွေရဲ့ ကိုယ်ပိုင်အရည်အသွေးတွေနဲ့ကိုယ့်ဘဝကို လမ်း ကြောင်းဖို့ ..ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်နိုင်ကြဖို့ ကြိုးစားရင်း ..မိဘ နဲ့ သားသမီး .. ဆရာ နဲ့ တပည့် ကြားက ပဋိပက္ခတွေသူငယ်ချင်း .. ချစ်သူ စတဲ့ လူမှုရေး ဆက်ဆံရေးတွေကြားက အဖြစ်အပျက် အကြောင်းတရားတို့ကို အခြေခံ သင်ခန်းစာပေးဇာတ်အိမ်တည်ထားတဲ့ ဒီ ` School 2017 ´ Drama မှာRomance ဆန်ဆန် ကြည်နူးစရာ scene တွေ …comedy ဆန်ဆန် ပျော်ရွှင်စရာ scene တွေကြားကနေမထင်မှတ်ထားတဲ့ အဖြစ်အပျက် လှည့်ကွက်တွေကြားက Suspect ဆန်ဆန် plot တစ်ခုပါ ပါဝင်လာမှာဖြစ်တဲ့အတွက်စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်လာမှာအသေအချာပါ . ××× Casts ××× “School 1” မှာ Jang Hyuk နဲ့ Choi Kang Hee “School 2” မှာ Kim Rae Won နဲ့ Ha Ji Won “School 2013” မှာ Lee Jong Suk နဲ့ Kim Woo Bin “School 2015” မှာ Nam Joo Hyuk နဲ့ Sungjae စတဲ့ သရုပ်ဆောင်တွေဟာ School Drama တွေရဲ့ ပုံဖော်မှုအောက်ကနေ ပရိတ်သတ်တွေရဲ့ရင်ထဲကိုရောက်ရှိပြီးနာမည်ရအောင်မြင်ခဲ့ကြတဲ့ actor တွေဖြစ်တဲ့အတွက်ယခု 2017 မှာလည်းဘယ် actor .. ဘယ် actress မျိုးဆက်သစ်လေးတွေက viewer တွေရဲ့နှလုံးသားကိုဖမ်းစားပြီးပီပြင်စွာသရုပ်ဆောင်သွားကြမယ်ဆိုတာကတော့ …. >> RaEunHo အဖြစ်K.pop နယ်ပယ်ရဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ produce 101 ( IOI ) အဖွဲ့ရဲ့ member ဟောင်းဖြစ်ခဲတဲ့ #KimSeJeong ကDrama ရဲ့ အဓိက ဇာတ်ဆောင် main female lead အဖြစ် သရုပ်ဆောင်ထားမှာဖြစ်ပြီး .. >> Hyun Tae Woon အဖြစ်Jealousy Incarnate , Rebel စတဲ့ drama တွေမှာ supporting actor အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ #KimJungHyun ကDrama ရဲ့ အဓိကဇာတ်ဆောင်male lead actor အဖြစ်သရုပ်ဆောင်ထားမှာဖြစ်ပြီး … >>> Song Dae Whee အဖြစ်#JangDongYoon က 2nd male lead အဖြစ် သရုပ်ဆောင်ထားမှာဖြစ်ပါတယ် . သည် သုံးယောက်ရဲ့ သုံးပွင့်ဆိုင် relationship ကို ပုံဖော်ကြမည့် action တွေရဲ့ love.line တွေကို ထိထိမိမိ ခံစားကာ ကြည့်ရှုရမည့်အပြင် Ro Woon Seol In-A Han Joo-Wan Han Sun-Hwa Park Se-Wan Kang Min Hyuk စတဲ့ supporting actor များစွာရဲ့ အကောင်းဆုံး acting တွေကိုပါ တွေ့မြင်ကြရမယ့် School 2017 Drama ပဲဖြစ်ပါတယ်ခင်ဗျာ။

0 comments:

Post a Comment