Rating : 8.1/10
Country : Phillipine
Genre : Drama
Cast : Sarah Geronimo, Kim Molina, Gina Pareño
Released Date : 2019
Duration : 1h 26min

IMDb rating 8.1 ထိ ရရှိထားတဲ့ ဖိလစ်ပိုင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျက်စမင်တို့ညီအစ်မတွေဟာ မိဘတွေဆုံးပါးသွားတဲ့ အချိန်တည်းက အဘွားဖြစ်သူလက်ထဲမှာ ကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်။
မွေးချင်းသုံးယောက်ရှိတဲ့ ဂျက်စမင်တို့မှာ သူ့အစ်မနှစ်ယောက်က အိမ်ထောင်ကျသွားတာမို့ သူတစ်ယောက်သာ အဘွားလုပ်သူနဲ့ နယ်မြို့လေးမှာ ကျန်နေခဲ့ရပါတယ်။
တစ်နေ့ အဘွားဖြစ်သူမှာ တီဘီရောဂါရှိလာတော့ အဖျားကူးမှာစိုးတဲ့အတွက် သူ့ကို နယ်မြို့လေးကနေ အစ်မတွေရှိရာ မနီလာမြို့ကို ပို့လိုက်ပါတော့တယ်။မနီလာရောက်တဲ့ ဂျက်စမင်ဟာ ခွေးလေးတစ်ကောင်မွေးစားလိုက်ပြီး ဟက်ပီး(happy)လို့အမည် ပေးခဲ့ပါတယ်။ အကြောင်းကတော့ သူ့အဘွားငယ်စဥ်က မွေးခဲ့တဲ့ခွေးလေးနာမည်ကလည်း ဟက်ပီး ဖြစ်လို့ပါပဲ။
တစ်ရက်မှာတော့ ရောဂါမသက်သာတဲ့ သူတို့အဘွားကို ပြန်သွားကြည့်ရဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် သူ့အစ်မတွေက ဂျက်စမင်ကို ရောဂါကူးမှာစိုးလိူ့ လိုက်ခွင့်လုံး၀မပေးပါဘူး။ဒါနဲ့ပဲ အဘွားကိုချစ်တဲ့ ဂျက်စမင်တစ်ယောက် သူ့ခွေးလေး ဟက်ပီးနဲ့အတူ နယ်မြို့လေးကို ခိုးပြန်ဖို့ ကြိုးစားရပါတော့တယ်။ရိုးသားပြီး သနားတတ်လွန်းတဲ့ ဂျက်စမင်တစ်ယောက် လမ်းမှာ ဘယ်လိူအခက်အခဲတွေ ကြုံရမလဲ????
ပြီးတော့ ဘယ်လိုလူတွေနဲ့ ကြုံရမလဲ????
သူ့ခွေးလေးကို ခေါ်လာတဲ့ ရည်ရွယ်ချက်ကရော ဘာလဲ??
သူ့နယ်မြို့လေးကိုရော အန္ဓရာယ်ကင်းကင်း ပြန်ရောက်နိုင်ပါ့မလား????Unforgettable လို့ အမည်ရတဲ့ ဒီကားဟာဆိုရင်တော့ လူလူချင်းကြားထဲက မေ တ္တာတရားအပြင် လူသားနဲ့ တိရစ္ဆာန်လေးတွေကြားထဲက ချစ်ခြင်းမေ တ္တာအကြောင်း အဓိက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။မိသားစုကားလေးဖြစ်တဲ့အပြင် Dramaကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး စိတ်အေးချမ်းသာစွာကြည့်ရှုရမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။

0 comments:
Post a Comment