Jurassic World: Fallen Kingdom (2018)

Rating : 6.2/10
Country : United State
Genre : Action, Adventure, Sci-Fi 
Cast : Chris Pratt, Bryce Dallas Howard, Rafe Spall
Released Date : 2018
Duration : 2h 8min 

Jurassic World (2015) ရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်…Rating 7.8 ရရှိထားတဲ့ကားတစ်ကားဖြစ်ပါတယ်…Jurassic World ပ်က္စီးသြားၿပီးသံုးႏွစ္အၾကာမွာထိုအပန်းဖြေစခန်းဆောက်လုပ်ထားတဲ့ ကျွန်းမှာမီးတောင်ပေါက်ကွဲမှု့ကြောင့်ဒိုင်နိုဆောများမျိုးတုန်းရတော့မယ့် အခြေနေကိုရောက်လာပါတယ်..အစိုးရဘက်ကလည်း ပြည်သူတွေအတွက် ဒါကိုမျက်ကွယ်ပြုလိုက်ပေမယ့်ဒုတိယဒိုင်နိုဆောတွေမျိုးတုန်းတော့မယ့် အခြေနေကိုကယ်တင်မယ့်သူများပေါ်လာပါတယ်…ဒါကေတာ့ Jurassic World (2015) မွာစတင္ပါလာတဲ့Owen Grady နဲ့ Claire Dearing တို့ရဲ့ကယ်ဆယ်ရေးအစီစဉ်ပဲဖြစ်ပါတယ်..သူတို့ဖန်တီးထားခဲ့တဲ့ ဒိုင်နိုဆောများကို သူတို့ကိုယ်တိုင်ကယ်ဆယ်ရမှာဖြစ်ပြီးတော့ဒီဒိုင်နိုဆောတွေထဲမှာလည်း များပြားလှတဲ့ အရိုင်းကောင်တွေရှိနေတဲ့အတွက်သူတို့ဘယ်လိုကယ်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်….နောက်ပြီးတော့ Jurassic World (2015) မှာT-Rex ရဲ့ Raptor DNA တွေစုပြီးပေါင်းစည်းထားတဲ့ မျိုးစပ်အကောင်တစ်ကောင်ပါဝင်ခဲ့သလို ဒီကားမှာလည်း မျိုးစပ်အကောင်တစ်ကောင်ပါဝင်လာမှာဖြစ်ပါတယ်…အဲဒီအကောင်ကိုတိုက်ခိုက်ဖို့အတွက်လေ့ကျင့်ပေးထားတာဖြစ်ပြီးတော့Raptor ရဲ့ DNA ကိုအခြေခံပြီး ဖန်တီးထားတဲ့အတွက်အသိဉာဏ်ကြွယ်ဝမှု့အပိုင်းမှာ လူနဲ့တန်းတူညီမျှပါတယ်…Jurassic World (2015) မှာ Raptor လေးကောင်ထဲက တစ်ကောင်တည်းသာကျန်ရစ်ခဲ့တဲ့ ဘလူး ဟာလည်း ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ်ပြန်လည်ပါဝင်လာမှာပါ…ဒီကားရဲ့ထူးခြားချက်ကတော့ အရင်Jurassic Park ကားတွေလိုမျိုးဒိုင်နိုဆောတွေရဲ့ရန်ကို ကာကွယ်ရတော့မှာမဟုတ်ပဲနဲ့တိရိစ္ဆာန်တွေမျိုးတုန်းပျောက်ကွယ်သွားမှာကြောက်တဲ့ လူတစ်စုရဲ့တတ်နိုင်သမျှကယ်ဆယ်ရေးဆောင်ရွက်တာတွေကိုခပ်မိုက်မိုက် ဖန်တီးမှု့အဆန်းများနဲ့ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်…ဒီဇာတ်ကားကို ရုံမှာသွားကြည့်တဲ့အခါ တချို့လူတွေအဖို့ဇဝေဇဝါတွေဖြစ်နေကြမှာဖြစ်ပြီးတော့ နားလည်ကြမှာလည်းမဟုတ်ပါဘူး…

0 comments:

Post a Comment