Bhuj: The Pride of India (2021)

 


Rating : 5.2/10
Country : India
Genre : Action, Drama, Thriller
Released Date : 2021
Duration : 2h 34min

အညွှန်း

ဖြစ်ရပ်မှန်အခြေခံတဲ့ အိန္ဒိယစစ်ကားတစ်ကား… ဒီရုပ်ရှင်ဟာ ၁၉၇၁ ခုနှစ်မှာဖြစ်ခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲကို

အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး Ajay Devgn , Sanjay Dutt , Sonakshi Sinha က ခေါင်းဆောင်ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း (တာဝန်ခံ)အရာရှိ ဗီဂျေးကာရ်နစ်ခ်ရဲ့လက်အောက်မှာရှိတဲ့ ဘူဂျ်လေတပ်စခန်းဟာ

ပါကစ္စတန်လေတပ်ရဲ့ဗုံးကြဲခြင်းကို ခံလိုက်ရလို့ လေယာဉ်ပြေးလမ်းတွေပျက်စီး ကုန်တယ်… ဒါ့အပြင် တင့်ကားလက်နက်အပြည့်အစုံ ၊

အင်အားအလုံးအရင်းနဲ့ နယ်စပ်ကို ကျူးကျော်ဝင်ရောက်လာမယ့် ပါကစ္စတန်ကြည်းတပ်ကို

အိန္ဒိယနယ်ခြားစောင့်တပ်တွေက မထိန်းနိုင်တော့ပါဘူး။

အဲ့ဒီနေရာကို တစ်ခြားတပ်ရင်းတွေကနေ ရဟတ်ယာဉ်နဲ့

စစ်ကူပို့ပေးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း တစ်ဖက်မှာ ပါကစ္စတန်ရေတပ်က အမြောက်ကြီးတွေနဲ့

တောက်လျှောက်ပစ်ခတ်နေတာကြောင့် ရဟတ်ယာဉ်တွေ ဝေဟင်မှာ မပျံရဲတော့ပါဘူး။

တကယ့်ခံစစ်စည်းကျိုးပေါက်ရင်တခြားနေရာတွေပါအလွယ်တကူပေးလိုက်ရမှာမို့ ဒီနေရာကို

မဖြစ်မနေ ပါကစ္စတန်တွေမသိမ်းနိုင်အောင် အသဲအသန်ကြိုးစားရမဲ့အနေအထားဖြစ်ပါတယ်..

စစ်ရေးအရ အရေးနိမ့်ကျမှုများစွာရှိလို့ အိန္ဒိယတပ်မတော်ဟာ နောက်ဆုံးနည်းတစ်နည်းနဲ့

စစ်ပွဲကိုပြန်လည်စိုးမိုးဖို့ကြိုးစားပါတော့တယ်….

သူတို့တွေဘယ်လိုကြိုးစားကြလဲ…

သူတို့စီစဉ်ထားသလိုဖြစ်လာပါ့မလား..

ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အတွက် အိန္ဒိယ ၊ ပါကစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြောင်း ဖြစ်ပါတယ်။

ရိုက်ချက်တွေတော်တော်ကြီး အဆင့်အတန်းမြင့်မားတဲ့

ရုပ်ရှင်ဖြစ်လို့ ဇာတ်လမ်းအစအဆုံးကို ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ပါတော့

 

0 comments:

Post a Comment