Kuruthi (2021)

 


Rating : 7.9/10
Country : India
Genre : Thriller
Released Date : 2021
Duration : 2h 2min

အညွှန်း

2021ခုနှစ် ဒီလထဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ အိန္ဒိယသည်းထိတ်ရင်ဖို ဇာတ်လမ်းတပုဒ်ပါ. Thrillerဆို အင်္ဂလိပ်ကားလောက်ပဲ ratingကောင်းနေပေမယ့်

ဒီအိန္ဒိယကားကတော့ Imdb၈ထိရထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတပုဒ်ပဲ

ဖြစ်တာကြောင့် အန္ဒိယရဲ့ ဒီThrillerရုပ်ရှင်ကို မြည်းစမ်းကြည့်စေချင်ပါတယ်.

ဒီကားက လုံးဝ ကြည့်နေရင်းနဲ့ ရင်တထိတ်ထိတ်ဖြစ်စေမယ့်ကား…

အီဗရာဟင်မ်ဟာ တောင်ခြေနားက ရပ်ကွက်အစုလေးမှာ

မိသားစုနဲ့အတူ နေထိုင်ပြီး ရာဘာစေးခြစ်တဲ့အလုပ်

လုပ်ကိုင်သူဖြစ်ပါတယ်

တစ်နေ့မှာတော့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြိုကျမှုဖြစ်ပြီး

အီဗရာဟင်မ်တစ်ယောက် ဇနီးနဲ့သမီးလေးကို ဆုံးရှုံးခဲ့ရတယ်

စိတ်အားတင်းပြီး ဖခင်နဲ့ညီလေးနဲ့အတူ ကြိုးစားနေထိုင်ရင်း…

တစ်ရက် ဒဏ်ရာရနေတဲ့ရဲမှူးတစ်ယောက် တရားခံနဲ့အတူ

အိမ်မှာခဏနားခိုခွင့်တောင်းလာတယ်..

သိပ်မကြာတော့ နောက်ထပ်လူစိမ်းတစ်ယောက်ဝင်လာတယ်

ဒီလိုတောတောင်ထဲမှာ ဒဏ်ရာတွေနဲ့ ရောက်လာတဲ့ရဲမှူးရယ်

ဒီလူစိမ်းတွေနဲ့ အီဗရာဟင်မ်တို့ ဘာတွေဆက်ပြီးကြုံရအုံးမလဲဆိုတာကိုတော့

ဒီဇာတ်ကားမှာ စိတ်လှုပ်ရှားစွာနဲ့ Thrillerရသ အပြည့်အဝနဲ့ကြည့်ရမှာပါ

 

0 comments:

Post a Comment