Rating : 1.7/10
Country : United State
Genre : Action, War
Cast : Eric Roberts, Carol Anne Watts, Ignacyo Matynia
Released Date : 2020
Duration : 1h 28min
Country : United State
Genre : Action, War
Cast : Eric Roberts, Carol Anne Watts, Ignacyo Matynia
Released Date : 2020
Duration : 1h 28min
အညွှန်း
ဘရောင်း၊ မားကပ်စ် နဲ့ စပိုက်မန်း တို့ဟာ လေတပ်ထဲ ဝင်ခါစ လေသူရဲအလောင်းအလျာလေးတွေပါ။သူတို့ဟာ ဆရာသင်တာထက် ကျော်လွန်ပြီး တိုက်လေယာဥ်ပေါ်ရောက်တာနဲ့ စတန့်ထွင်ပြီး ပညာပြကြတဲ့ အကျင့်ရှိပါတယ်။လေ့ကျင့်ရေးဆင်းချိန်မှာ ဒီလိုလုပ်မိလို့ အားလပ်ရက် ၃ ပတ်ကို အိမ်မပြန်ရပဲ အက်ဆန်လေ့ကျင့်ရေးစခန်း မှာနေနေခဲ့ရပါတယ်။
ဒီအချိန်မှာပဲ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို သယ်ဆောင်ပြီး အခြေစိုက်စခန်းကို ပြန်ဖို့ကြိုးစားနေတဲ့ လျှို့ဝှက်အေးဂျင့်အဖွဲ့ဟာ လေယာဥ်ပျက်ကျလုဆဲဆဲမလို့ လေ့ကျင့်ရေးစခန်းကို ဆင်းသက်လာပါတယ်။ သူတို့တာဝန်ကတော့ ကာကွယ်ဆေးထုတ်တဲ့နေရာကို ဒီပစ္စည်းအချိန်မီပို့ဖို့နဲ့ ရန်သူလက်ထဲ ပစ္စည်းမရောက်အောင် ကာကွယ်ဖို့ပါပဲ။
သူတို့နောက်ကို လိုက်လာတာက ဗိုင်းရပ်စ်ကို မကောင်းတဲ့ နေရာမှာသုံးချင်နေတဲ့ ရုရှားတွေပါပဲ။ ရုရှားလေတပ်ကို ခုခံဖို့ စခန်းတစ်ခုလုံးမှာ ဒီလေသူရဲပေါက်စ သုံးယောက်ပဲ ရှိပါတယ်။
သူတို့ရဲ့ စွမ်းရည်တွေက စစ်ပွဲကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ရဲ့လား၊ တိုင်းပြည်ကို ကာကွယ်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

0 comments:
Post a Comment