Villains (2019)


Rating : 6.2/10
Country : United state
Genre :  Comedy, Drama, Horror 
Cast :  Bill Skarsgård, Maika Monroe, Blake Baumgartner
Released Date : 2019
Duration : 1h 30min 

အညွှန်း

ဒီတစ်ခေါက်တော့ အမှန်အကန်လန်းတဲ့ ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ စိတ်ထားကောင်းပေမယ့် ဘဝကိုပေ့ါပေါ့နေပြီး ဖြတ်သန်းချင်တဲ့ အရမ်းချစ်တဲ့စုံတွဲတစ်တွဲ ဟာ လိုအင်ဆန္ဒတစ်ခုကြောင့် လုယက်မှုတစ်ခုလုပ်ပြီး ဖလော်ရီဒါအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်တယ် ….

လမ်းတဝက်မှာကားဆီပြတ်သွားပြီးတော့ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေတဲ့အချိန် နောက်ကားတစ်စီးရှာဖို့ လုပ်ကြရင်းနဲ့ လူမနေဘူးလို့ထင်ရတဲ့ ခမ်းနားတဲ့အိမ်ကြီးကိုရောက်သွားတဲ့အချိန်မှာ စပြီး ပြဿနာအကြီးကြီးတက်ပါတော့တယ်…

ဘယ်လိုပြဿနာတွေ သူတို့ကို အိမ်ကြီးက ဆီးကြိုနေမလဲ…

သူတို့ရဲ့ အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်သွားမလား…သူတို့ မထင်မှတ်တာတွေ ဘယ်လိုကြုံကြမလဲ… တစ်ယောက်ချင်းဆီရဲ့ သူရုပ်ဆောင်မှုတွေကို အာရုံစိုက်ကြည့်ရင် သို့လောသို့လောနဲ့ တကယ် စိတ်ဝင်စား လှုပ်ရှားစရာကောင်းလွန်းတာမို့ မလွတ်တမ်းကြည့်ရှုဖို့ ပြောလိုက်ပါရစေ… နည်းနည်းဂေါ်တဲ့အတွဲမို့ စကားလုံးအသုံးအနှုံးတွေတော့ အနည်းငယ်ကြမ်းနိင်ပါတယ်…

 

0 comments:

Post a Comment