၁၈၈၀ - ၁၈၉၀ ပြည့်နှစ်တွေမှာ အမေရိကန်ပြည်ထောင်စုမှာ လျှပ်စစ်ကို စတင်သုံးစွဲဖို့ဖြစ်လာတဲ့အခါ direct current (DC) ကိုအသုံးပြုတဲ့ Thomas Edison ရဲ့ Edison Electric Light Company နဲ့ alternating current (AC) ကိုအသုံးပြုတဲ့ Westinghouse Electric Company ကြီးနှစ်ခုက အပြင်းအထန်ပြိုင်ဆိုင်ခဲ့ကြတယ်။ ကုမ္ပဏီတစ်ခုနဲ့တစ်ခု အရင်းအနှီး၊ လျှပ်စစ်ရဲ့ အသက်အန္တရာယ် လုံခြုံမှုတွေနဲ့ ပက်သက်ပြီး အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီးတော့ ခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ Thomas Edison နဲ့ George Westinghouse တို့ရဲ့ ပုဂ္ဂိုလ်ရေးပဠိပက္ခပါဖြစ်လာခဲ့တယ်။ ဒီ လျှပ်စီးကြောင်းစစ်ပွဲ (The War of Currents) အကြောင်းကို drama/biography အဖြစ် ဖန်တီးထားတဲ့ ရုပ်ရှင်ကို ဒီနှစ် နိုဝင်ဘာလမှာ ပြသမှာဖြစ်ပြီးတော့ အခုပထမဆုံး trailer ထွက်ရှိလာပါတယ်။ ကျွန်တော်တို့ရဲ့ Sherlock ကြီးဖြစ်တဲ့ Benedict Cumberbatch က Thomas Edison အဖြစ်သရုပ်ဆောင်မှာပါ။ အရင်ကတော့သူ့ကို Alan Turing ၊ Julian Assange ၊ Stephen Hawking လို ဇာတ်ကောင်တွေနဲ့တွေ့ခဲ့ပြီးပြီဆိုတော့ ဒီကားမှာလည်း epic ဖြစ်ဦးမှာသေချာပါတယ်။ သူ့ရဲ့ရန်သူ အင်ဂျင်နီယာသူဌေးကြီး George Westinghouse အဖြစ် Michael Shannon (Man of Steel ရဲ့ General Zod) လည်းပါဝင်ပြီး နောက်ထပ်ဇာတ်ပို့တွေအဖြစ် Edison ဘက်က စီးပွားရေးသမားလေး Samuel Insull အဖြစ် Tom Holland (Spidey) နဲ့ Westinghouse ဘက်က ဒီ ပြိုင်ဆိုင်မှုကြီးကို အဆုံးအဖြတ်ပေးနိုင်မယ့် လူငယ်အင်ဂျင်နီယာ Nikolai Tesla အဖြစ် Warm Bodies နဲ့လူကြိုက်များခဲ့တဲ့ Nicholas Hoult တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။

0 comments:
Post a Comment