“ထိုင်ကြည့်နေရုံနဲ့ကမ္ဘာ့ကြီးဟာပြောင်းလဲမလာပါဘူး၊ကိုယ်နေထိုင်ဖို့ ရွေးချယ်လိုက်တဲ့ လမ်းကသာ ကမ္ဘာကြီးကိုပြောင်းလဲစေမှာပါ”တဲ့။စူးစမ်းလိုစိတ်အပြည့်ရှိတဲ့သိပ္ပံပညာရှင် နက္ခတ္တဗေဒပညာရှင် ဂျိမ်းစ် ဂလီရှာဟာကောင်းကင်ကြီးရဲ ့သဘောသဘာဝကိုသာ အပြည့်အဝနားလည်ရင်
ရာသီဥတုကို ခန့်မှန်းနိုင်မှာ ဆိုတဲ့ယုံကြည်ချက်နဲ့ လှောင်ရယ်သံတွေ အကြား စွန့်စားခရီးနှင်ခဲ့သူပါ။သူတို့ခေတ်သူတို့အခါမှာ မိုးလေဝသကိုခန့်မှန်းမယ်ဆိုတာအခြေအမြစ်မရှိဘူးလို့ အများသူငှာကယူဆကြပါတယ်။ဒါပေမယ့် ဂျိမ်းစ်ကတော့ ကောင်းကင်ကိုလေ့လာဖို့အတွက်မီးပုံးပျံစီးကာ ခရီးနှင်နေကြဖြစ်တဲ့အမ်မလီရာဆိုတဲ့ မုဆိုးမလေးနဲ့ ကောင်းကင်ခရီးထွက်ဖို့စီစဉ်ပါတော့တယ်။အမ်မလီရာကလဲ အကြောင်းကြောင်းကြောင့်မီးပုံးပျံထပ်မစီးတော့ဘူးလို့ ဆုံးဖြတ်ထားသူပါ။တစ်နေ့တော့ သူတို့နှစ်ယောက်ပေါင်းကာကမ္ဘာ့အမြင့်ဆုံးဆိုတဲ့ စံချိန်ကိုချိုးဖို့ထွက်ခွာခဲ့ပါတော့တယ်။အင်္ဂလိပ်လူမျိုးမိုးလေဝသပညာရှင် ဂျိမ်းစ်ဂလီရာအကြောင်းရိုက်ကူးထားတဲ့ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်တွေက ပုံပြင်ထက်ပိုဆန်းကျယ်တယ်ဆိုတဲ့အကြောင်းကိုသက်သေပြနေသလိုပါပဲ။လူနှစ်ဦးရဲ ့ရဲစွမ်းသတ္တိ၊စူးစမ်းရှာဖွေလိုစိတ်၊ဉာဏ်ပညာ၊အတိတ်၊ရည်ရွယ်ချက်စတာတွေကိုအကောင်းဆုံးပုံဖော်ပေးထားတဲ့ဒီကားလေးနာမည်ကတော့The aeronauts(2019)ပါ။Rotten Tomatoes 72%ရရှိထားပြီး Eddie Redmanye ကိုယ်တိုင်အကောင်းဆုံးသရုပ်ဆောင်ထားတာမလို့ကောင်းတယ်ဆိုတာအထွေအထူးမညွှန်းတော့ပဲနဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

0 comments:
Post a Comment