The Bay of Silence (2020)

 

Rating : 4.4/10
Country : United State
Genre : Thriller
Cast : Claes Bang, Olga Kurylenko, Brian Cox 
Released Date : 2020
Duration : 1h 33min

အညွှန်း
ဇာတ်လမ်းအရအဓိကဇာတ်ကောင်ဖြစ်တဲ့မင်းသ မီးရို့စ်လင်း သူကမင်းသားနဲ့လက်မထပ်ခင်ကတည်းကအမွှာသမီးလေးနှစ်ယောက်ရှိနေပြီးသား မုဆိုးမပါ။

မင်းသားနဲ့လက်ထပ်ပြီးတော့ ကိုယ်၀န်ရလာတော့လည်းအမွှာလေးပါပဲ။ ဒါပေမဲ့မမွေးခင်မှာမတော် တဆဖြစ်ပြီး ခွဲခန်း၀င်ခဲ့ရတာကြောင့်ရင်သွေးလေး တစ်ယောက်သာရှင်သန်ပြီး တစ်ယောက်သေဆုံးခဲ့ရပါတယ်။

အဲ့အချိန်မှာပဲ ရို့စ်လင်းရှော့ခ်ရခဲ့ပါတယ်။ ဒီလိုနဲ့စိတ်ဒဏ်ရာဟောင်းပြန်ပေါ်လာပြီးပြဿနာတွေစပါတော့တယ်။ ရို့စ်လင်းမှာစိတ်ဝေဒနာရှိတာကိုမသိတဲ့မင်းသားက တစ်နေ့အလုပ်ကိစ္စနဲ့ခရီးထွက်သွားပါတော့တယ်။

ပြန်ရောက်လာချိန်မှာတော့ သားလေးရောသမီးနှစ်ယောက်ကိုရောရို့စ်လင်းကိုရောမတွေ့တော့ပါဘူး။ ဒီလိုနဲ့ရှာဖွေရင်း ပင်လယ်နားကအိမ်ကြီးတစ်အိမ်မှာရှာတွေ့ခဲ့ပါတယ်။

ဒါပေမဲ့ မွေးခါစသားလေးကတော့သေနေခဲ့ပါပြီ။ ရို့စ်လင်းကလည်းစိတ်အခြေအနေအရမ်းဆိုးရွားနေပါပြီး ဘာတစ်ခုမှမမှတ်မိတော့ပါဘူး။

ဒီလိုအခြေအနေတွေကိုမင်းသားဘယ်လိုရင်ဆိုင်မလဲ ဒါတွေဘာကြောင့်ဖြစ်တာလဲ သူ့သားလေးဘယ်လိုသေသွားခဲ့တာလဲ ရို့စ်လင်းရဲ့စိတ်ဒဏ် ရာကဘယ်ကနေအစပြုခဲ့တာလဲ

စသည်တို့အပြင်လုံး၀မထင်မှတ်ထားတဲ့မြှပ်ကွက်တစ်ခုလည်းပါတာမို့2020ထွက်ကားတွေထဲမှာကြည့်သင့်ဇာတ်ကားတစ်ကားပါပဲ။

0 comments:

Post a Comment