The Walking Dead (2010-Ongoing)

Season (1) - 6 Episodes
Season (2) - 13 Episodes
Season (3) - 16 Episodes
Season (4) - 16 Episodes
Season (5) - 16 Episodes
Season (6) - 16 Episodes
Season (7) - 16 Episodes
Season (8) - 16 Episodes
Season (9) - 16 Episodes
Season (10) - 15 Episodes

Rating : 8.2/10
Country : United State
Genre :  Horror Fiction, Serial
Cast : Bob Stookey. Lawrence Gilliard Jr. Gareth. Andrew J. West. Rick Grimes. Andrew Lincoln. Maggie Greene. Lauren Cohan. Tara Chambler. Alanna Masterson. Enid. Katelyn Nacon. Jesus. Tom Payne. Gregory. Xander Berkeley.
Released Date : 2010-Ongoing

Walking Dead ဖုတ်ကောင်ကားက ကမ္ဘာကျော်ဖုတ်ကောင်စီးရီးဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ကျောရိုးက ရဲအရာရှိတစ်ယောက် အတိတ်မေ့ရောဂါကနေ ပြန်လည်သတိရလာတဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံး ဖုတ်ကောင်တွေနဲ့ ပြည့်နေတာမြင်ရတယ်။ ရဲအရာရှိဟာ သူ့မိသားစုနဲ့ အသက်ရှင်နေသူတွေကို ပြန်လည်စုစည်းခဲ့တယ်။ ပြီးတော့ ဖုတ်ကောင်တွေကြီးစိုးနေတဲ့ ကမ္ဘာမှာ ခက်ခက်ခဲခဲ တွန်းလှန်ရပ်တည် နေထိုင်ခဲ့ပုံတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီလို လူတွေစုစည်းနေထိုင်ပေမယ့် လူတွေရဲ့ လောဘ၊ ဒေါသတွေကြောင့် အချင်းချင်းပြဿနာဖြစ်ပြီး ဖုတ်ကောင်တွေထက် လူတွေက ပိုဆိုးတယ်ဆိုတဲ့ သဘောတရားကိုချပြတာဖြစ်ပါတယ်။ စီးရီးအများစုကိုတော့ အတ္တလန္တာ၊ ဂျော်ဂျီယာနဲ့ အလက်ဇန္ဒား နဲ့ ဗာဂျီးနီးယားမြို့တွေမှာ ဖြစ်ပျက်သလိုရိုက်ကူးထားပါတယ်။
Walking Dead စီးရီးကို 2010 က စတင်ပြသခဲ့ပြီး တစ်နှစ်လျှင် season တစ်ခုစီနဲ့ ချီတက်ခဲ့တာ 2016-17 မှာတော့ Season 7 အထိရောက်နေပြီဖြစ်ပါတယ်။ Season 8 ရိုက်ကူးနေပြီး အခြားဆက်ရန်တွေလည်း ရှိသေးတယ်လို့သိရပါတယ်။ Walking Dead ကို ရိုက်ကူးခဲ့သူက ကမ္ဘာကျော် The Shawshank Redemption နဲ့ Green Mile ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဖရန့်ဒါရာဘွန့်ဖြစ်ပါတယ်။ ထုတ်လုပ်ရေးကလည်း Terminator, Aliens တို့ကိုထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်လို့ အဆင့်အတန်းမြင့်ပါတယ်။ ပထမဆုံး Season မှာ အပိုင်း ၆ ပိုင်းသာပါပေမယ့် နောက်ပိုင်း Season တွေမှာ အပိုင်း ၁၆ ပိုင်းပါပါတယ်။ နှစ်စဉ် အောက်တိုဘာလ ရောက်တိုင်း Walking Dead စီးရီးတွေကို ထုတ်လွှင့်ပြသလေ့ရှိပါတယ်။ Season 6,7 ကို စတင်ကြည့်ရှုမယ့် ဝါသနာရှင်တွေအတွက် အချိတ်အဆက်မိအောင် Season တစ်ခုချင်းစီကို မိတ်ဆက်ပြောပြပါမယ်။
Season 1
ရဲအရာရှိ ရစ်ချ်ဂရင်းတစ်ယောက် တာဝန်ထမ်းဆောင်နေရာကနေ ဒဏ်ရာရပြီး အတိတ်မေ့ရောဂါဖြစ်သွားပါတယ်။ သူနိုးလာတဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံး ဖုတ်ကောင်တွေဖြစ်နေတာ တွေ့ရပါတယ်။ လျှောက်သွားရင်းကနေ မော်ဂန်ဂျုံးနဲ့ မိတ်ဆွေဖြစ်သွားပြီး ဇနီးနဲ့သားဖြစ်သူအပြင် အသက်ရှင်သန်နေသူတွေကို ရှာဖွေဖို့ကြိုးစားပါတယ်။ အတ္တလန္တာနဲ့ဂျော်ဂျီယာကိုသွားပြီး ရောဂါအန္တာရာယ်တားဆီးရေးဋ္ဌာနကိုအသေးစိတ်စုံစမ်းပေမယ့် အသက်ရှင်သူတစ်ယောက်မှမရှိတာကြောင့် သဲလွန်စထပ်ရှာဖို့ ကြိုးစားခဲ့ပါတယ်။
Season 2
အတ္တလန္တာကို ခရီးထွက်ပြီး လူတစ်ယောက်ရဲ့လယ်ထဲမှာ စခန်းဆောက်ပြီး နေထိုင်ခဲ့တယ်။ ခရီးသွားဖော်တစ်ယောက်ရဲ့သမီးတွေကို ဝိုင်းရှာပေးခဲ့တယ်။ အဲဒီမှာ ရစ်ချ်နဲ့ ခရီးသွားဖော်ပယ်လီယာရင်းနှီးသွားတယ်။ လယ်ပိုင်ရှင်မိသားစုနဲ့ ရစ်ချ်တို့အဖွဲ့ပြဿနာဖြစ်တယ်။ ရစ်ချ်တို့နေရာကို ဖုတ်ကောင်တွေ သိသွားလို့ သူတို့တစ်ခြားနေရာထပ်ပြောင်းဖို့ကြိုးစားကြတယ်။
Season 3
လယ်တောက ထွက်လာပြီး ရှစ်လကြာတဲ့အခါ ထောင်တစ်ခုကိုတွေ့ခဲ့တယ်။ ထောင်ထဲက ဖုတ်ကောင်တွေကို ရှင်းလင်းပြီး အိမ်အသစ်လုပ်ခဲ့တယ်။ အဲဒီမှာ ရစ်ချ်တို့ အဖွဲ့တွေကွဲကုန်တယ်။ သေတဲ့သူလည်း သေတယ်။ အဲဒီမှာမြို့တော်ဝန်တစ်ယောက်ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲလည်း ပေါ်လာပြန်တယ်။ ခေါင်းဆောင်နေရာလုရင်း ရစ်ချ်နဲ့ပြဿနာဖြစ်ကြတယ်။ ရစ်ချ်တို့အဖွဲ့တွေ အနိုင်ကျင့်ခံံရပြီး ထောင်ထဲမှာအသက်ရှင်ဖို့ ပြန်လည် ကြိုးစားရပြန်တယ်။
Season 4
ထောင်ထဲမှာ ကြာလာတော့ ပါလာတဲ့သူတွေ အပြင်းဖျားလာကြတယ်။ မြို့တော်ဝန်က သူ့ညာလက်ရုံးနဲ့ ဖျားနေတဲ့သူတွေကို သတ်ပြစ်ဖို့လုပ်တယ်။ ဂရင်းနဲ့အဖွဲ့သားတွေ ထောင်ထဲက ထွက်ဖို့စီစဉ်တယ်။ ပြီးတော့ လူခွဲပြီး ပြေးတယ်။ ဒါပေမယ့် တစ်နေရာအရောက်မှာတော့ သူတို့အားလုံး အဖမ်းခံရတယ်။
Season 5
သူတို့ဒီတစ်ခါရောက်လာတဲ့ဒေသက လူသားစားတဲ့အလေ့အထရှိလို့ ရစ်ချ်နဲ့အဖွဲ့သားတွေ လူသားစားကောင်တွေနဲ့တိုက်ခိုက်ရပြန်တယ်။ အဲဒီကနေ လုံခြုံမယ်လို့ထင်တဲ့ ဝါရှင်တန်ဘက်ကို ချီတက်ခဲ့တယ်။ အဲဒီမှာ အလက်ဇန္ဒားနယ်သားတွေနဲ့ဆုံပြီး ရစ်ချ်တို့အဖွဲ့ကပဲ အကာအကွယ်ပေးခဲ့တယ်။ ဒီလိုအချိန်မှာ ရစ်ချ်က နယ်ခံသားတစ်ဦးကိုသတ်မိသွားတယ်။
Season 6၊ 7 မှာတော့
အလက်ဇန္ဒားနယ်မှာ ရစ်ချ်တို့အဖွဲ့သားတွေ ဘာဆက်ဖြစ်မလဲ၊ အလက်ဇန္ဒားကရော သူတို့ထင်သလို လုံခြုံပါ့မလား၊ ဘယ်လိုလူတွေက ဖုတ်ကောင်တွေကိုရှေ့တင်ပြီး သူတို့ကို တိုက်ခိုက်ဦးမှာလဲ၊ ရှင်သန်သူတွေကြားမှာရော နယ်မြေလုပွဲတွေ၊ စစ်ပွဲတွေထပ်ဖြစ်ဦးမှာလာဆိုတာကတော့ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

0 comments:

Post a Comment