Arrival (2016)

Rating : 7.9/10
Country : United State
Genre :   Drama, Mystery, Sci-Fi 
Cast :  KSI, Caspar Lee, Bobby Lee
Released Date : 2016
Duration :  1h 56min 

ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့….Dr. Louise Banks ရဲ့ ဘဝဇာတ်ကြောင်းနဲ့ အစပြုထားပါတယ်။ သူမက ကလေးငယ်တစ်ဦးရဲ့ မိခင်တစ်ယောက်ဖြစ်ပြီး သမီးလေးကို တစ်ဦးတည်း ထိန်းကြောင်းနေတဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ လက်မှာ လက်ထပ်လက်စွပ်လည်းဝတ်ထားပြီး ခင်ပွန်းအကြောင်းကို မရိုက်ပြထားတော့ မုဆိုးမ / တစ်ခုလပ်အနေနဲ့ပဲ ဘဝကို သမီးလေးနဲ့ အတူဖြတ်သန်းနေပုံတွေကို အဆင့်ဆင့်ဖော်ပြထားကာ နောက်ဆုံးမှာ သူ့သမီးလေးက ဆယ်ကျော်သက်အရွယ်ရောက်တဲ့အခါမှာ ရောဂါဝေဒနာတစ်ခုကိုခံစားရပြီး ဆေးရုံတက်နေရင်းနဲ့ သူမရဲ့ လက်ထက်မှာပဲသေဆုံးသွားခဲ့ပါတယ်။သူမက ဘာသာဗေဒနဲ့ပတ်သက်ပြီး Doctor ဘွဲ့ရရှိထားတာဖြစ်ပြီး တက္ကသိုလ်တစ်ခုမှာ စာပြလျက်ရှိပါတယ်။
တစ်နေ့တော့ သူမရဲ့ စာသင်ခန်းမှာ သာမန်ထက်ကျောင်းသားတွေ ပိုနည်းနေပြီး စာသင်နေရင်းနဲ့ တွေ့ရှိရတဲ့ သတင်းတစ်ခုကတော့..
ကမ္ဘာမြေပေါ်ကို အမည်မသိ ယာဉ်ပျံကြီး (၁၂)စင်း ရောက်ရှိနေပြီး မတူညီတဲ့ နိုင်ငံ (၁၂)ခုမှာ ဆင်းသက်ရပ်နားထားတယ်ဆိုတဲ့ .. သတင်းပါ။
သက်ဆိုင်ရာ နိုင်ငံအသီးသီးက အစိုးရတွေကလည်း ဒီယာဉ်ပျံတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်သလို .. အံ့သြစရာကောင်းလောက်အောင် ကြီးမားနေတာကြောင့် ပြည်သူလူထုကလည်း အထိပ်တလန့်နဲ့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပါတယ်။ဒါဟာ နိုင်ငံတစ်နိုင်ငံထဲရဲ့ အရေးမဟုတ်တော့ပဲ.. တစ်ကမ္ဘာလုံးရဲ့ အရေးဖြစ်တာကြောင်း United Nation (UN) ကဝင်ရောက်ကိုင်တွယ်နေသလို ကမ္ဘာ့နိုင်ငံအသီးသီးကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ်ပြီး သတင်းအချက်အလက်များ ဖလှယ်ကာ စုံစမ်းဖော်ထုတ်လျက်ရှိပါတယ်

0 comments:

Post a Comment