Happy Together (1997)


 

Rating : 7.8/10
Country : China
Genre : Romance, Drama
Cast : Leslie Cheung, Tony Chiu-Wai Leung, Chen Chang
Released Date : 1997
Duration : 1h 36min

အညွှန်း
ဝေါင်ကာဝေးရဲ့ ရုပ်ရှင်တွေက ဇာတ်ညွှန်းကို စဆုံးရေးပြီးမှရိုက်တဲ့ ရုပ်ရှင်တွေမဟုတ်ဘူး။
အများအားဖြင့်တော့ သူ့ခေါင်းထဲမှာရှိတဲ့ အချက်အလက်တွေကို ညဘက်ရိုက်ကွင်းမတိုင်ခင် နေ့ဘက်မှာရေးထားတာတွေ။
အရမ်းကြီး ကြိုတင်စီမံမှုမရှိဘူး။ပြောရရင် ကဗျာရေးသလိုပေါ့။
ဒါကြောင့်ပဲ Ashes Of time အပြီး သူပေါ့ပေါ့ပါးပါးရိုက်လိုက်တဲ့ Chungking Expressက သူက ပေါ့ပေါ့ပါးပါးပဲရိုက်လိုက်တာဆိုပေမဲ့အတော်တာသွား သွားတယ်။
ပြောရရင် ကဗျာရေးသလိုရိုက်တာဆိုတော့ သူ့ရုပ်ရှင်တစ်ခုနဲ့ တစ်ခုရဲ့ကွာခြားမှုက ကဗျာရေးသလို အခွင့်အခါလိုတယ်။
ခံစားမှုအပေါ်အခြေခံပြီး စာသားကောင်းကောင်းထွက်လာဖို့ အခွင့်အခါလိုသလိုပေါ့။
သူပြောတာကတော့ အခွင့်အခါမဟုတ်ဘူး။
” တရုတ်ဘာသာစကားကနေ အင်္ဂလိပ်ဘာသာကိုပြန်ဆိုဖို့ ခက်တဲ့ဝေါဟာရတစ်ခုဗျာ။
အဲ့ဒီ‌ ‌ဝေါဟာရက အခွင့်အလမ်းလို သဘောမျိုးပဲ။
သဘောကဗျာ
ကျုပ် ဒီမှာထိုင်ပြီး ခင်ဗျားနဲ့အင်တာဗျူးလုပ်နေတယ်။
ဒါပေမဲ့ တကယ်လို့ဒီလိုသာ မဟုတ်ခဲ့ရင် ကျုပ်တစ်ခြားတစ်ယောက်ယောက်နဲ့ အင်တာဗျူးလုပ်မိမှာလည်းဖြစ်နိုင်တယ်။
ဘာကြောင့် ကျုပ်တို့ ဒီအချိန်ဒီနေရာမှာ တွေ့သင့်တာလဲ။
ဒါက အခွင့်အခါကြောင့်ပဲလေ။
ကျုပ်ရုပ်ရှင်တွေအကုန်လုံးကလည်း အခွင့်အခါကြောင့်ဖြစ်လာတယ်ပဲထင်တယ်” တဲ့
အဲ့ဒီအခွင့်အခါကြောင့်ပဲဖြစ်ပါလိမ့်မယ်
Happy Togetherက Cinematographyတွေဟာ တခြားဝေါင်ကာဝေးကားတွေနဲ့ ကွဲတယ်။
ရိုက်တာကတော့ ထုံးစံအတိုင်း ခရစ္စတိုဖာဒွိုင်းပါပဲ။တစ်ချို့အခန်းတွေဆို သူ့နောက်ထွက်တဲ့ အနောက်တိုင်းရုပ်ရှင်တွေမှာတောင် ယူသုံးကြတာ ကျွန်တော်သတိထားမိတယ်။
Ang leeရိုက်တဲ့ နာမည်ကြီး BLကား BrokebackMountainမှာတောင်
ဒီထဲက emotionalအဖြစ်ဆုံးအခန်းကို သူ့ကားရဲ့ emotionalအဖြစ်ဆုံးအခန်းအဖြစ် မှီးသုံးထားတယ်ထင်ရတာတွေ့ရပါတယ်။
အစကတော့ BLကားမို့ ကျွန်တော်လည်း မကြည့်ချင်ပါဘူး။ ဒါပေမဲ့ Happy Togetherဟာ BLကားမဆန်ဘဲ ဝေါင်ကာဝေးကားပဲ ဆန်သွားပါတယ်။
အဓိကဇာတ်ကောင်တွေဖြစ်တဲ့ လတ်စလီချောင်နဲ့ တိုနီလျောင်ချူဝေတို့ရဲ့ သရုပ်ဆောင်နိုင်စွမ်းကတော့ လက်ဖျားခါလောက်စရာပါပဲ။
အထူးသဖြင့် လတ်စလီချောင် အခြောက်လိုလုပ်ပြမနေပေမဲ့ ယောကျာ်းချင်းကြိုက်တဲ့လူတစ်ယောက်ဆန်ဆန် မဟန်နှောင်းနွဲ့ နေတယ်။
သူတို့နှစ်ယောက်ရဲ့ အိပ်ရာခန်းတွေကို ကြည့်ရတာ Al Pacinoနဲ့ Robert De Niroကို BLခန်း ရိုက်ထားတာကိုကြည့်ရသလို
အတော်ကသိကအောက်ဖြစ်ပေမဲ့ သိပ်တော့မများပါဘူး။
ဒီရုပ်ရှင်နဲပဲ ဝေါင်ကာဝေးဟာ ကိန်းရုပ်ရှင်ပွဲတော်မှာ Best Directorဆုရခဲ့ပါတယ်။

0 comments:

Post a Comment