Magic Max (2020)


 

Rating : 4.5/10
Country : United State
Genre : Drama
Cast : Lotus Blossom, Barry Corbin, Sally Kirkland
Released Date : 2020
Duration : 1h 37min

အညွှန်း
မျက်လှည့်ဆရာ Maxတစ်ယောက်ဟာ နာမည်ကြီးစေမဲ့ လှည့်ကွက်သစ်လေးတွေကို မတီထွင်နိုင်တာကြောင့်
Magic Motorဆိုတဲ့ ကားအရောင်းဆိုင်မှာ အချိန်ပိုင်း မျက်လှည့်ပြစားနေရသူဖြစ်ပါတယ်။သူ့ဘဝမှာ မျက်လှည့်လှည့်ကွက်ကြီးတစ်ခုကို လုပ်နိုင်ပြီး နာမည်ကြီးလာဖို့အတွက်ဘဲ စိတ်ဝင်စားနေသူပါ။
တစ်နေမှာ သူ့အကိုနဲ့မရီးဟာ လေယာဉ်ပျက်ကျထဲပါသွားကာ သေဆုံးသွားတဲ့အတွက် အသက်၁၀နှစ်အရွယ် သူ့ရဲ့
တူလေး Timmyတစ်ယောက်ဘဲကျန်ခဲ့ပါတယ်။Maxရဲ့ မိဘတွေကလဲ အသက်ကြီးနေပြီးတော့
အဖေကလဲ ကျန်းမာရေးမကောင်းတာကြောင့် တစ်ကိုယ်တည်းသမား Maxက Timရဲ့အုပ်ထိန်းသူဖြစ်လာခဲ့ပါတယ်။
ဘဝမှာ တစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေခဲ့တဲ့ Maxနဲ့ ရုတ်တရတ် မိဘတွေကိုဆုံးရှုံးလိုက်ရလို့ အားငယ်နေတဲ့
Timတစ်ယောက်က တစ်အိမ်ထဲအတူနေဖို့ဖြစ်လာခဲ့ပါတယ်။Maxက သူ့တစ်ဘဝလုံး နာမည်ကြီးတဲ့ မျက်လှည့်ဆရာဖြစ်လာဖို့
ရည်မှန်းချက်ရှိတဲ့လူဖြစ်တာကြောင့် သူ့ဘဝထဲရောက်လာတဲ့ Timကိုဘယ်လို ပျိုးထောင်ရမလဲ နည်းလမ်းမသိဖြစ်နေခဲ့ပါတယ်။၁၀နှစ်အရွယ် Timကလဲ မရင်းနှီးတဲ့ ဦးလေးဖြစ်သူနဲ့ အတူနေရမဲ့အတွက် ကလန်ကဆန်တွေလုပ်လာခဲ့ပါတယ်။
Maxတစ်ယောက် သူ့တူလေး Timနဲ့ ဘယ်လိုအဆင်ပြေအောင်ကြိုးစားမလဲနဲ့ သူ့အိမ်မက်ကိုရော
ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ ကြည့်ရှုကြပါအုံး။

0 comments:

Post a Comment