White Christmas (2011)

8 Episodes

Rating : 8.6/10
Country : South Korean
Genre : Thriller,Mystery,Psychological,School,Drama
Cast : Kim Sang Kyung,Baek Sung Hyun,Kim Young Kwang,Lee Soo Hyuk,Kwak Jung Wook,Hong Jong Hyun

Cast တွေကမပြောတော့ဘူး။အတော်များများသိနေပြီးသားဖြစ်လို ့ပဲ။ Rating က IMDB မှာ 8.3/10 MyDramaList မှာ 8.6/10 ဆိုတော့ ဒီဇာတ်လမ်းကို ကြည့်သင့်တယ်ထင်တယ်။ ဇာတ်လမ်းအမျိူးအစားက Crime,Mystery,Thrillerဖြစ်ပြီး အပိုင်း (၈)ပိုင်းသာ ပါဝင်ပါတယ်။ အေးချမ်းလှ ခရစ်စမတ်ကြီးမှာ လူတိုင်းပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြတယ်။ ဘယ်သူမှတော့ အကျဉ်းတန် ထိတ်လန် ့ဖွယ်ရာတွေနဲ ့ဖြတ်သန်းချင်မှာမဟုတ်ဘူး။ ဒါပေမဲ့လည်း တခါတလေ ကံတရားဆိုတာ မကြုံချင်တာတွေလည်း ကြုံရစမြဲမဟုတ်လား။ ဒီဇာတ်လမ်းက အထက်တန်းကျောင်းတစ်ကျောင်းမှာ ခရစ်စမတ်ပိတ်ရက် ကျောင်းသားတွေအကုန် ခရီးထွက်သွားကြပေမယ့်လည်း ကျောင်းသား(၇)ယောက်ကတော့ ကျောင်းမှာပဲ နေခဲ့တယ်။ ကျောင်းသားပတ်ဟာ ထူးဆန်းတဲ့စာတစ်စောင်ကို လက်ခံရရှိခဲ့တယ်။ အဲ့စာမှာ အမုန်းတရားတွေအပြည့်နဲ ့ရေးထားတဲ့အပြင် သူတို ့တွေ သေမယ်လို ့ရေးထားတယ်။ ဒီတော့ စာထဲမှာပါတဲ့ အဓိပ္ပာယ်ကို ရှာဖွေကြရင်း စာထဲကပြောထားတဲ့အတိုင်း တကယ်သေသွားကြမှာလားဆိုတာကတော့.....

0 comments:

Post a Comment