Whisper (2017)

16 Episodes

Rating : 7.8/10
Country : South Korean
Genre : Suspense,Mystery,Law,Romance,Drama,Melodrama,Investigation
Cast : Lee Bo Young,Lee Sang Yoon,Kwon Yool,Park Se Young

မင်းသားက အင်မတန်မှကိုသမာသမတ်ကျပီး တရားမျှတမှုကို ချစ်မြတ်နိုးသောတရားသူကြီး
တရားသူကြီးချုပ်အပါအ၀င် အရာရှိကြီး သူဌေးကြီးတေရဲ့ သားသမတ်ဆွေမျိုးတေကိုပါ မျက်နှာမလိုက်ထောင်ချသောသူ
အမှန်တရားရဲ့ ဘက်တော်သား
ခရိုနီကြီးတေရဲ့ အမုန်း အညှိုးအတေးတေခံရသောသူ
သူဟာ တစ်နေ့မှာတော့ လူသတ်မှုကိုထောင်ချောက်ဆင်ခံရသော သတင်းထောက်တစ်ယောက်ကို အမှုစစ်ဖို့ ဖြစ်လာပါတော့တယ်

မင်းသမီးက အဲ့ဒီသတင်းထောက်ရဲ့ သမီးတစ်ဖြစ်ပီး ရဲအရာရှိတစ်ယောက်လည်းဖြစ်တာကြောင့် သူ့အဖေ အပြစ်လွတ်ဖို့ သူ့ချစ်သူနဲ့အတူ ကြိုးစားခဲ့ပါတယ်
အမှန်တရားရဲ့ ဘက်တော်သားအဖြစ်သတင်းမွှေးတဲ့ တရားသူကြီးကိုလည်း ယုံကြည်အားကိုးခဲ့ရှာပါတယ်
သူ့အဖေလူသတ်မှုမကြူးလွန်ကြောင်းခိုင်မာတဲ့သက်သေကိုရှာပီး တရားသူကြီးကိုသွားပေးတဲ့အခါမှာတော့ မှန်ကန်တဲ့ တရားစီရင်ရေးဖြစ်လာမလား လိမ်လည်လှည့်ဖြားခြင်းတေနဲ့ ပြစ်ဒဏ်စီရင်ခံရမလား မင်းသားနဲ့မင်းသမီး တိုက်ခိုက်ကြမလား လက်တွဲပီး အမှုတေဖြေရှင်းကြမလားဆိုတာတော့ စိတ်၀င်စားစရာပါ

0 comments:

Post a Comment