While You Were Sleeping (2017)

16 Episodes

Rating : 8.8/10
Country : South Korean
Genre : Thriller,Mystery,Comedy,Romance,Drama,Supernatural
Cast : Bae Suzy,Lee Jong Suk,Jung Hae In,Lee Sang Yeob

နာမည်ကျော်မင်းသားမင်းသမီးတွေဖြစ်တဲ့  Lee Jong Suk နဲ့ Bae Suzy တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့  ထူးခြားဆန်းကြယ်တဲ့ Fantasy, Legal, Romance ဇာတ်ကားလေးပါ။ ဇာတ်ညွှန်းရေးတဲ့သူကလည်း  Dream High,  I  Can Hear Your Voice, Pinocchino,  Page Tuner အစရှိတဲ့ လူကြိုက်များအောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတွေ ရေးခဲ့သူဖြစ်သလို ဒါရိုက်တာကလည်း My Love form the Star ဇာတ်လမ်းတွဲကို လျှန်းလျှန်းတောက် အောင်မြင်အောင်ကိုအကောင်းဆုံး ရိုက်ကူးတင်ပြခဲ့တဲ့ ဒါရိုက်တာဖြစ်တာကြောင့် မထုတ်လွင့်ခင်တကည်းကကို အားလုံးက စိတ်ဝင်စားနေတဲ့ ဇာတ်ကားလေးပါ။ ဒါကြောင့် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းပုံစံလေးကတော့………

          အားလုံးပဲ အိပ်မက်မက်ဖူးကြပါတယ်။ အိပ်မက်တွေက သွေးလေခြောက်ခြားရင်လည်း မက်တတ််တယ်။ စိတ်စွဲလို့ မက်တယ်။ကျောင်းသားအများစုဆို စာမေးပွဲနီးရင် စာမေးပွဲမဖြေနိုင်တဲ့အိပ်မက်မျိုး မက်တတ်ကြပါတယ်။ အိပ်မက်အများစုကတော့ ပေါက်တတ်ကရတွေ မက်တတ်ပြီး မမှန်တတ်ကြပါဘူး။ မြန်မာလိုအယူအဆမှာတော့ တစ်ခါတစ်လေ နတ်ကောင်းနတ်မြတ်တွေက သတိပေးချင်ရင် ရှေ့ဖြစ်မယ်ဟာကို အိပ်မက်မက်သလိုမြင်လာအောင် လုပ်ပေးပြီး သတိပေးတတ်ကြတယ်တဲ့။ ဒီလို အိပ်မက်မျိုးဆိုရင်တော့ မှန်တတ်ကြပါတယ်။

          နမ်ဟုန်ဂျူး (Bae Suzy) လို့ခေါ်တဲ့ မိန်းမချောလေးတစ်ယောက်ကတော့ ဒီလိုအိပ်မက်မျိုးတွေ မြင်မက်တတ်တယ်။ နိုးလာရင် အိပ်မက်ထဲက အဖြစ်အပျက်တွေကလည်း အပြင်မှာ တကယ်ဖြစ်လာတတ်တယ်။ တစ်နေ့တော့ သူအိပ်မက်ထဲမှာ ခဏခဏ ဆုံတွေ့မြင်ဖူးနေတဲ့ ကောင်လေး (Lee Jong Suk) တိုက်တိုက်ဆိုင်ဆိုင် သူတို့ အိမ်ရှေ့ကိုပြောင်းလာပြီး ရောက်လာပါတယ်။

          ဂျောင်ဂျေးချန် ( Lee Jong Suk) က စုံစမ်းစစ်ဆေးရေးမှူးတစ်ယောက်။ ပျော်ပျော်နေတတ်တယ်။ ရူးတူးတူး ပေါတောတောလေး။ ဒါပေမယ့် အမှန်တရားအတွက် ရဲရဲရင့်ရင့် ရင်ဆိုင်ရဲတယ်။ မဟုတ်မခံ စိတ်ဓါတ်ရှိသူတစ်ဦး။ လီယူဘုန်း( Lee Song Yeop) – သူကတော့ ရှေ့နေ့တစ်ယောက်ဖြစ်သလို ဂျောင်ဂျေးချန်ရဲ့ ငယ်ငယ်တုန်းက ဂိုက်ဆရာ။ ကလိမ်ကကျစ်ကျတတ်ပြီး အများရှေ့မှာတော့ ပြုံးပြုံးရွှင်ရွွှင်နဲ့ နောက်ကျောကိုဓါးနဲ့ထိုးတတ်တဲ့သူမျိုးပါ။

          တစ်နေ့တော့ တိုက်တိုက်ဆိုင်ဆိုင် ဂျောင်ဂျေးချန် ( Lee Jong Suk) လည်း အိပ်မက်တစ်ခုကို ထူးထူးဆန်းဆန်း မြင်မက်လာတယ်။ သူ့အိပ်မက်က မျက်နှာချင်းဆိုင်က ကောင်မလေး နမ်ဟုန်ဂျူးအကြောင်း။ အိပ်မက်ထဲမှာ ယာဉ်တိုက်မှုတစ်ခုမှာ အကောက်ကြံခံရလို့ မေ့မြောနေခဲ့ပြီး သတိရလာချိန်မှာ တရားခံအဖြစ် စွပ်စွဲခံနေရသလို  သူ့အမေလည်း ဒီအမှုကြောင့် သေဆုံးသွားရမှန်း သိလိုက်လို့ ဂျောင်ဂျေးချန် ( Lee Jong Suk) ရှေ့မှာပဲ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာကို မြင်မက်လိုက်မိတယ်။ ဒီအိပ်မက်မှန်မမှန် သူမပြောနိုင်သေးဘူး။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် အိပ်မက်ထဲမှာ ပြောသွားတာတွေ အပြင်မှာ တကယ်ဖြစ်နေတာကို ဂျောင်ဂျေးချန် ( Lee Jong Suk) ကြုံလာရချိန်မှာ ဒီကံကြမ္မာကို ပြောင်းလဲသွားဖို့ သူအစွမ်းကုန် ကြိုးစားပါတော့တယ်

ဘယ်လိုဖူးစားရေစက်တွေကြောင့်များ နမ်ဟုန်ဂျူးနဲ့ ဂျောင်ဂျေးချန်တို့ ဒီလိုတိုက်တိုက်ဆိုင်ဆိုင်အိပ်မက်တွေ မြင်မက်နေရတာလဲ

အိပ်မက်မက်ပြီး အိပ်မက်ထဲကအဖြစ်တိုင်း တကယ်ဖြစ်တတ်တာကို ကိုယ်တိုင်ကြုံဖူးသူတွေမို့ သူတို့နှစ်ယောက်လောက် တစ်ယောက်အပေါ်တစ်ယောက် နားလည်နိုင်မယ့်သူ နောက်ထပ်ရှိပါဦးမလား

ဘယ်လိုမျိုးများ နှစ်ယောက်တစ်အိပ်မက်တွေမက်ကြပြီး ရှေ့ဖြစ်လာမယ့် အနာဂတ်ကံကြမ္မာကို ဘယ်လိုပြုပြင်ပြောင်းလဲကြမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြည့်လိုက်ပါ။

0 comments:

Post a Comment