King of Baking, Kim Tak Goo (2010)

 

30 Episodes

Rating : 8.1/10
Country : South Korean
Genre : Food,Romance,Drama,Family,Melodrama
Cast : Yoon Shi Yoon,Oh Jae Moo,Joo Won,Shin Dong Woo,Eugene,Jo Eun Jung
 
1970 - 1990 ဝန်းကျင်လောက်က လူငယ်လေးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းကောင်းလေး ... ဇာတ်လမ်းအကျဉ်း - Kim Takgu (မင်းသား) က Geosung စားသောက်ကုန်လုပ်ငန်းရဲ့ ဥက္ကဋ္ဌကြီး Gu II Jong နဲ့ တရားမဝင်ဇနီး Kim Misun တို့ကနေ မွေးဖွားလာတဲ့ အကြီးဆုံးသားတစ်ယောက် ... (ဖြစ်ပုံက ဒီလို မင်းသားအဖေနဲ့ အေမက အရင်ကြိုက်ကြတာဆိုပေမယ့် အဖေ့ဘက်ကမိသားစုက သေဘာမတူတော့ မင်းသားအဖေကို လက်ရှိ ဥက္ကဋ္ဌကတော်နဲ့ ပေးစားလိုက်တယ် ... အဲ့မွာ သူတို့ကနေ သမီးနှစ်ယောက် မွေးလာတယ် ... နောက်နှစ်အနည်းငယ်ကြာတော့ မင်းသားအမေနဲ့ ပြန်တွေ့ပြီး အချစ်ဇာတ်လမ်းပြန်စရာက မင်းသားကို ရလာတယ်ပေါ့ ... အဲ့နောက်မှာမှ တရားဝင်ဇနီးနဲ့လည်း နောက်ထပ် သားတစ်ယောက် ထပ်ရလာတာ) ဒီလိုနဲ့ လက်ရှိဥက္ကဋ္ဌကတော်က မင်းသားတို့သားအမိကိုအငြိုးအတေးထားပြီး ပြန်ပေးဆွဲခိုင်းလိုက်တယ် ... အဲ့မွာ မင်းသားအမေပြန်ပေးဆွဲခံရတော့ မင်းသားက သူ့အမေကိုလိုက်ရှာရင်း မုန့်ဖုတ်သင်တန်းကျောင်းတစ်ခုမှာဝင်လုပ်ဖြစ်ခဲ့တယ် ... ဒီလိုနဲ့ ၁၂ နှစ်ကြာအောင် သူ့ရဲ့လက်ဦးဆရာ Pal Bong လက်အောက်မှာ မုန့်ဖုတ်ပညာ သင်ကြားဖြစ်ခဲ့တယ်ပေါ့ ... ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့မုန့်ဖုတ်သင်တန်းကျောင်းမှာ မင်းသားရဲ့အဖေတူ အေမကြဲညီ ၊ ဥက္ကဋ္ဌကြီးရဲ့ တရားဝင်သား Majun လည်းရှိနေတယ် ... သူကက် အဖေ့ရဲ့အသိအမှတ်ပြုတာခံချင်လို့ ၊ နောက်ပြီး မိသားစုလုပ်ငန်းကိုဆက်ခံဖို့အတွက် ဒီမွာ မုန့်ဖုတ်ပညာလာသင်နေတာ .. ဒါပေမယ့် သူ့သရုပ်မှန်ကိုတော့ ဖုံးကွယ်ထားတယ် ... ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝသရုပ်မှန်တွေရယ် ၊ မုန့်ဖုတ်ပညာ အဖြာဖြာရယ်ကြားမှာ မင်းသားရဲ့ငယ်ကျွမ်းဆွေ Shin Yukyeong နဲ့ မုန့်ဖုတ်သင်တန်းကျောင်းက မတည့်အတူနေ သူငယ်ချင်းမလေး Yang Misun တို့တွေ့ဆုံဖြစ်ကြတဲ့အခါ ... သူတို့တွေကြားက လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးက ဘယ္လိုလာမလဲ ဆိုတာ သိပ်ကိုစိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါ ... အချစ်ဇာတ်လမ်းသက်သက်မဟုတ်ဘဲ ၊ အရည်အချင်းတွေ ၊ ယှဉ်ပြိုင်မှုတွေနဲ့အတူ ၂၀ ကျော်လူငယ်လေးတစ်ယောက်ရဲ့ ကိုးရီးယားတစ်နိုင်ငံလုံးမှာ အတော်ဆုံး မုန့်ဖုတ်ပညာရှင်တစ်ယောက် ဘယ်လိုဖြစ်လာမလဲဆိုတာ လုံးဝစိတ်နှစ်ပြီး ကြည့်လိုက်ကြစို့လားဗျာ ...

0 comments:

Post a Comment