Bright: Samurai Soul (2021)


 

 

Rating : 5.6/10
Country : Japan
Genre : Anime, Action, Adventure
Released Date : 2021
Duration : 1h 20min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

ပရိတ်သတ်ကြီးကို အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ မကြာသေးမီက Netflix မှာထွက်ရှိထားတဲ့ Bright: Samurai Soul ဆိုတဲ့ Anime ဇာတ်ကားလေးအကြောင်းဖြစ်ပါတယ်။

ဒီကားဟာ ထူးထူးခြားခြားပဲ 2D Character တွေကို 3D ရေးဆွဲထားတာမို့၊ လှုပ်ရှားမှုတွေမှာချောမွေ့နေပြီး တစ်မျိုးလေးအမြင်ဆန်းစွာကြည့်ရှူရမှာပါ။ Anime ကို အနောက်တိုင်းဆန်ဆန်ကြည့်ရမှာမို့ ဂိမ်း Cutscenes တွေကြည့်နေရသလို အကြိုက်တွေ့စေပါလိမ့်မယ်။
ဇာတ်လမ်းကတော့ မေဂျီ ပြန်လည်ထူထောင်ရေးခေတ်ကို အခြေတည်ထားပေမယ့် ဆန်းပြားစွာပဲ လူသားတွေဟာ ဘီလူး၊ နတ်သူငယ်၊ လူပု၊ မှင်စာတွေနဲ့ အတူယှဉ်တွဲနေထိုင်နေတာကိုတွေ့ရမှာပါ။ လူသား Ronin (သခင်မဲ့ဆာမူရိုင်း)ဖြစ်တဲ့ Izou နဲ့ အကြွေး‌ကြေသွားတဲ့ဘီလူးတစ်ကောင်ဖြစ်တဲ့ Raidan တို့၊ နတ်သူငယ်မလေး Sonya ကို သူမမျိုးနွယ်တွေရှိရာ မြောက်၀င်ရိုးစွန်းဆီ ကာကွယ်ပို့ဆောင်ပေးရပုံကို ရိုက်ကူးထားတာပါ။

သူတို့သုံးယောက်လမ်းမှာရင်ဆိုင်ရမယ့် အန္တရာယ်အခက်အခဲတွေ၊ Izou ရဲ့အတိတ်၊ နတ်သူငယ်တွေရဲ့ ထူးခြားတဲ့စွမ်းအင်၊ သူတို့ကိုလိုက်နေတဲ့အဖွဲ့အစည်းတွေကြား အသက်ရှင်သန်အောင် ကြိုးစားဖြတ်သန်းပုံတွေကို စိတ်၀င်စားဖွယ် တိုက်ခိုက်ခန်းများများနဲ့တင်ဆက်ထားပါတယ်။ ပရိတ်သတ်ကြီးလည်း ရှုစားတော်မူကြပါဦး။

ဆာမူရိုင်းဓားခုတ်ကားဖြစ်တာနဲ့အညီ သွေးထွက်သံယိုခန်းများပါ၀င်တာမို့ အရွယ်မရောက်သေးသူများ လူကြီးသူမတွေနဲ့ကြည့်ဖို့ ကြိုတင်သတိပေးပါရစေ။

0 comments:

Post a Comment