Udanpirappe (2021)


 

 

Rating : 5.4/10
Country : India
Genre : Drama
Released Date : 2021
Duration : 2h 17min

Downdoad Link

============

Google Drive - Click

Telegram - Click (Channel ကိုအရင် join ပါ)

 

အညွှန်း

Udanpieappe .. အဓိပ္ပာယ်ကတော့ “မောင်နှမ” တဲ့။ မိသားစုတစ်စုတည်းကနေ အတူပေါက်ဖွားကြီးပြင်းလာတဲ့

ညီအစ်ကိုမောင်နှမတွေဟာ တစ်လောကလုံးမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေပါ။

တချို့က အမြဲရန်ဖြစ်ပြီး မတည့်နေတာရှိတယ် .. တချို့ကျလည်း

တစ်ယောက်နဲ့တစ်ယောက် သိသိသာသာကို သိပ်ချစ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချင်းချင်းချစ်ကြတယ်ဆိုတာတော့ မုချပါပဲ။

ဒီ Tamil ဇာတ်ကားလေးကလည်း သိပ်ချစ်ကြတဲ့ “မာသံဂီ” နဲ့ “ဗေရာဗာ” တို့ရဲ့ မောင်နှမသံယောဇဉ်ကို

အခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပါ။ ထူးထူးဆန်းဆန်းပဲ လူငယ်မောင်နှမနှစ်ယောက်အကြောင်းမဟုတ်ဘဲ

အိမ်ထောင်ကိုယ်စီနဲ့ ကိုယ်ပိုင်မိသားစုကိုယ်စီပိုင်ဆိုင်ထားကြပြီဖြစ်တဲ့ မောင်နှမရဲ့ ကြီးမားတဲ့သံယောဇဉ်ကို

မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အစ်ကိုကြီးဖြစ်တဲ့ ဗေရာဗာက အမှန်တရားရဲ့ဘက်တော်သား၊ မတရားတာမြင်တာနဲ့

ကိုယ်ထိလက်ရောက်ကျူးလွန်ပြီးဆုံးမပစ်လိုက်တဲ့သူ .. ဒီလိုလူမျိုးကို ယောက်ဖဖြစ်သူကျောင်းဆရာကတော့ သဘောမကျဘူးပေါ့။

“အစ်ကိုကြီးအဖရာ” ဆိုတဲ့အတိုင်း အစ်ကိုဖြစ်သူ ဗေရာဗာက သူ့ညီမလေးကို သမီးလေးနဲ့မခြားသိပ်ချစ်ရှာတယ်။

ညီမဖြစ်သူ မာသံဂီကလည်း ကိုယ့်သားနဲ့ အစ်ကို့ရဲ့သား နှစ်ယောက်လုံးအသက်ဘေးကြုံနေရပြီး

တစ်ဦးတည်းကယ်လို့ရတဲ့အခြေအနေမှာတောင် အစ်ကို့ရဲ့သားကိုရွေးချယ်ကယ်တင်ခဲ့တဲ့အထိ

သူ့အစ်ကိုကို သိပ်ချစ်ရှာတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့်ပဲ ခင်ပွန်းဖြစ်သူက

အစ်ကိုဖြစ်သူကိုပိုအမြင်စောင်းပြီး မောင်နှမနှစ်ယောက် စကားမပြောဖြစ်တော့တဲ့အထိ တဖြည်းဖြည်းအနေဝေးသွားခဲ့ရတယ်။

သိပ်ချစ်ကြတဲ့မောင်နှမနှစ်ဦးရဲ့ဆက်ဆံရေး နှစ်ပေါင်းများစွာအနေဝေးနေရာကနေ

တစ်စတစ်စ ပိုပြီးအေးစက်သွားမလား .. ဒါမှမဟုတ် မိသားစုနှစ်စု တစ်ဖန်ပြန်သင့်မြတ်နိုင်ဦးမလား ..

ဘယ်လိုအကြောင်းအရာတွေပေါ်ပေါက်လာဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါဦးနော်

0 comments:

Post a Comment