Barefoot Gen 2 (1986)

 

Rating : 7.3/10
Country : Japan
Genre : Anime, Biography, Drama 
Cast : Issei Miyazaki, Masaki Kôda, Kei Nakamura
Released Date : 1986
Duration : 1h 25min

အညွှန်း
ပထမထွက်ထားတဲ့ကားရဲ့ အဆက်ပါ ပထမကားမှာ ဂျန်တို့မိသားစုတွေ အကုန်သေပီးသူ့အမေနဲ့သူရယ် မိဘမဲ့ကောင်လေးရူတရယ် နဲ့ ခက်ခက်ခဲခဲအတူတူနေလာတာ 3နှစ်ရှိခဲ့ပါပီ

ထုံးစံအတိုင်းဆင်းဆင်းရဲရဲ နေနေရင်း ရတဲ့အလုပ်လေးလည်းလုပ်ရင်းပါ ဂျန်ရဲ့အမေလည်းအလုပ်လုပ်ရင်း ဂျန်နဲ့ ရူတကိုကျောင်းထားပေးပါတယ်

အိမ်မရှိတဲ့ကလေးတွေ မိဘမဲ့ဖြစ်နေတဲ့ကလေးတွေအများကြီးပါ ဂျန်နဲ့ရူတက ‘မစ’ဆိုတဲ့ကောင်လေးတို့အဖွဲ့နဲ့တွေ​မိကြပါတယ်

“မစ’တို့ကမိဘလည်းမရှိတော့ပဲခါးပိုက်နိုက်လေးတွေဖြစ်နေကြတဲ့ကလေးပါ ဂျန်နဲ့စစချင်းမှာမတည့်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တစ်ယောက်ပြသနာတစ်ယောက်ကူညီကြပါတယ်


ပထမကားလိုပဲမျက်ရည်မခိုင်တဲ့သူတွေကတော့ တစ်ရှူးဆောင်ထားသင့်ပါတယ်

ဒီကားလေးက အရမ်းကြာနေပေမဲ့ animationအပိုင်းကတော့တော်တော်လေးခေတ်မိတယ်လို့ပြောလို့ရပါတယ် အခုနောက်ပိုင်းထွက်တဲ့ကားတွေမှာ ဒီကားလောက်
ဟီရိုရှီးမား ဗုံးကြဲခံရတာတွေ လူတွေရက်ရက်စက်စက်သေတာတွေ ဒုက္ခရောက်ရတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်မပြကြတော့ဘူး

ပီးခဲ့တဲ့ august 6ရက်နေ့က ဟီရိုရှီးမား ဗုံးကြဲခံခဲ့ရတာ 75နှစ်ပြည့်ခဲ့ပါပီ ဗုံးကြောင့်ထိခိုက်မှုတွေ ဝမ်းနည်းမှုတွေ ဝမ်းနည်းမှုကြားကကြည်နူးစရာလေးတွေ ပါဝင်တဲ့ ဒီကားကောင်းလေးကို ကြည့်ရှုဖို့တင်ဆက်ပေးလိုက်ပါတယ်

0 comments:

Post a Comment