Clownface (2019)

 

Rating : 3.5/10
Country : United State
Genre : Drama, Horror, Thriller 
Cast : Philip John Bailey, Hannah Douglas, Richard Buck 
Released Date : 2019
Duration : 1h 32min

အညွှန်း
ဒီတစ်ခါတော့လူသတ်ကားတွေကြိုက်တဲ့ပရိသတ်တွေအတွက်ကားကောင်းလေးပါ
ကားရဲ့အစမှာတင် ဇိုး ဆိုတဲ့ကောင်မလေးနဲ့ သူ့ကောင်လေး ရစ်တို့ဟာ အသတ်ခံလိုက်ရပါတယ် ရစ်ရဲ့ပျက်စီးနေတဲ့အလောင်းကိုတွေ့ခဲ့တာကတော့ ဇိုးရဲ့အခန်းဖော် ဂျယ်နာပါ ဇိုးရဲ့အလောင်းကတော့ရှာမတွေ့ပဲပျောက်နေခဲ့ပါတယ်

ဘယ်သူမှ ဇိုး ဘာဖြစ်သွားလဲမသိတော့ပါဘူး ဂျယ်နာ ကလည်းစိတ်ဒဏ်ရာတွေနဲ့ ခက်ခက်ခဲခဲစိတ်ကိုပြန်ထိန်းနေရပါတယ် သူ့သူငယ်ချင်းအေမီဆိုတဲ့ ကောင်မလေးကော်ဖီဆိုင်မှာ လုပ်ရင်း တစ်နေ့ ချားလော့ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပါတယ်

ချားလော့ကဇိုး ရဲ့သူငယ်ချင်းပါ ဂျယ်နာကဇိုးကိုသတ်ခဲ့တာဆိုပီး ခနခနအနှောင့်အယှက်ပေးပါတယ် တစ်နေ့မှာ ဂျယ်နာက အိုဝမ်ဆိုတဲ့ကောင်လေးနဲ့ ထပ်တွေ့ပါတယ် အဲ့ကောင်လေးကငယ်ငယ်က လူသတ်သမားကိုမြင်ဖူးတဲ့လူပါသူပြောပေမဲ့ ဘယ်သူမှသူကိုမယုံသလို ဘယ်သူမှလည်းလူသတ်သမားကိုမဖမ်းနိုင်ခဲ့ပါဘူး

ချားလော့ထင်သလို ဂျယ်နာကပဲလူသတ်သမားလား အိုဝမ်ပြောသလို လူသတ်သမားကသပ်သပ်ရှိနေတာလား ဇိုးကရောအလောင်းလည်းရှာမတွေ့ တကယ်သေသွားတာရော ဟုတ်ရဲ့လား ဆိုတာကိုတော့ ဒီကားလေးပဲဆက်ပီး ကြည့်ရှုလိုက်ကြပါ

0 comments:

Post a Comment