Run Boy Run (2020)

 

Rating : 8.2/10
Country : Korea
Genre : Action, Drama 
Cast : Jang Dong Yoon, Seo Byuk Joon
Released Date : 2020
Duration : 1h 40min

အညွှန်း
ဒီကားကတော့ ၂၀၂၀မှာထွက်ရှိထားတဲ့ကျောင်းသားဒရမ်မာကားလေးဖြစ်ပြီး The Tale of Nokdu ထဲကမင်းသားပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒုန်ဝွန်းဆိုတဲ့ကောင်းသားလေးကခြေထောက်ဒဏ်ရာရပြီးနောက်ဆိုးလ်မြို့ကျောင်းအဆင့်
အပြေးပြိုင်ပွဲ ကနေရွှေတံဆိပ်ရပြီးမှ နားလိုက်ရပြီးကျောင်းကိုလည်း သူမွေးရပ်ကျောင်းကိုပြောင်းလိုက်ရပါတယ်။အဲ့ကျောင်းကိုရောက်တဲ့အခါ ကိုရီးယားကျောင်းတွေရဲ့ထုံးစံအတိုင်း ကြီးနိုင်ငယ်ညှင်းအင်အားရှိတဲ့သူတွေကအနိုင်ကျင့်ကြပေမယယ့်ဒုန်ဝွန်းကတော့ ငြိမ်ခံနေတတ်တဲ့သူမျိုးမဟုတ်ပါဖူး။တစ်ရက်အဲ့ကျောင်းက ကျောင်းသားတွေနဲ့ ကျောင်းသားသစ်ဒုန်ဝွန်းတို့ရန်ဖြစ်မလိုဖြစ်နေတုန်း အမှတ်မထင်ရန်ပွဲကိုဖြန်ဖြေဖို့လာတဲဲ့ ငယ်သူငယ်ချင်း ဂျင်းဆူနဲ့သွားတွေ့ပါတယ်။အဲ့ကနေတစ်ဆင့် ဂျင်းဆူ မိတ်ဆက်ပေးလို့နောက်ထပ်ငယ်သူငယ်ချင်းမလေးချယ်ယောင်းနဲ့လည်းတဖန်ဆုံခွင့်ရခဲ့ပါတယ်။သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးအစပျိုးမယ်ကြံတုန်းဂျင်ဒဆူတယောက် လူမိုက်အဖွဲ့ထဲဝင်ထားမိပြန်တော့စီနီယာကျောင်းသားတွေရဲ့ဗိုလ်ကျစေခိုင်းမှုမှန်သမျှကိုလည်းလုပ်ရပြန်ပါတယ်။အဲ့ဒါတွေကို ဂျင်းဆူတစ်ယောက် မလုပ်ချင်ပဲ လုပ်ရရင်းဂျင်းဆူနဲ့ ဒုန်ဝွန်းသူငယ်ချင်းနှစ်ယောက်ကြားအထင်လွဲစရာအကြီးကြီးဖြစ်လာခဲ့ပြန်ပါတယ်။ပြီးတော့ဒုန်ဝွန်းတယောက် ခြေထောက်ကဒဏ်ရာကောဘယ်လိုဆက်ဖြစ်လာမလဲ။သူအရမ်းကြိုက်နှစ်သက်တဲ့ ပြေးတာကို ပြန်လုပ်နိုင်ပါ့မလား။ဘယ်လိုဖြစ်မယ်ဆိုတာတော့ ဇာတ်ကားပဲဆက်လက်ကြည့်ရှုစေချင်ပါတယ်။ဇာတ်လမ်းကိုအဓိကညွှန်းချင်တာက သူငယ်ချင်းအချင်းချင်းနောက်ဆုံးအချိန်အထိသူငယ်ချင်းဆိုတဲ့ သစ္စာ၊တယောက်ကိုတယောက်အရမ်းချစ်ပြီးကာကွယ်ပေးတတ်တာစတဲ့ သူငယ်ချင်းသံယောဇဉ်ကိုအသားပေးဖော်ပြထားပြီး ကိုရီးယားကျောင်းသားလောကရဲ့ရန်ပွဲကို ဇာတ်လမ်းသွားလေးနဲ့ လေ့လာကြည့်ရှု ခံစားရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကလည်း အေးမယ်ထင်ရပေမယ့်ကြည့်လို့ ကောင်းသလို မင်းသားကလည်းကောင်မလေးတွေအကြိုက် The Tale of Nokdu ထဲကအချောလေးဆိုတော့မင်းသားကြည့်ရတာနဲ့တင် တန်မှာပါလို့ညွှန်းဆိုပါစေ။

0 comments:

Post a Comment