Josee, the Tiger and the Fish (2020)


 

 

Rating : 8.0/10
Country : Japan
Genre : Drama, Romance, Anime
Released Date : 2020
Duration : 1h 39min

အညွှန်း

အချစ်ဟာ သိပ်ကို ဆန်းကြယ်လှပါတယ်.

တခါတလေ နေ့ခင်းဘက်ကြီး မီးထိုးလိုက်ရှာရင်းတောင်

မတွေ့တက်ပေမယ့် တခါတလေမှာတော့

အချစ်ဟာ မှာ ဝှီးချဲပေါ်ကနေ

ကိုယ့်ဆီကို ဒိုင်ဗင်ပစ်ပြီးလည်း ရောက်လာတတ်ပါတယ်

မိဘတွေရဲ့ အလိုလိုက်ခြင်းကို ခံထားရတဲ့ ခပ်ဆိုးဆိုးကောင်မလေးနဲ့

ခပ်ရိုးရိုးတက္ကသိုလ်ကျောင်းသားလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို

Animeရုပ်ထွက်လှလှလေးနဲ့ ကြည့်ရမှာပါ………….

ဇာတ်လမ်းအကျဉ်း
—————

အိပ်မက်တွေကို လက်တွေ့အကောင်ထည်ဖော်ဖို့အတွက် အလုပ်ကြိုးစားနေတဲ့

Suneo ဆိုတဲ့တက္ကသိုလ်ကျောင်းသားလေးဟာ

တစ်နေ့အလုပ်ကအပြန် ဝှီးချဲပေါ်ကနေသူ့အပေါ်ကိုပြုတ်ကျလာတဲ့ကောင်မလေးနဲ့

အမှတ်မထင်တွေ့ဆုံမိရာကနေ အဲ့ကောင်မလေးအိမ်မှာ

အလုပ်လုပ်ဖို့အကြောင်းဖန်လာပါတော့တယ်

အလိုလိုက်ခံထားရလို့ ဆိုးနေတဲ့ကောင်မလေးရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို Suneo တစ်ယောက်သည်းခံရင်းနဲ့

နောက်ဆုံးမှာ အားငယ်စိတ်ကိုဖုံးကွယ်ထားတဲ့ သူမရဲ့ပုံစံအမှန်ကို သိသွားမလား

စာအုပ်တွေအရမ်းဖတ်ပြီး ပုံဆွဲတော်တဲ့ Josee နဲ့ ငါးလေးတွေကိုချစ်ပြီး စာတော်တဲ့ Suneo တို့နှစ်ယောက်ကို

နီးစပ်သွားစေတဲ့အရာကရောဘာများဖြစ်မလဲဆိုတာကို ရင်ထဲနွေးထွေးသွားအောင် ရိုက်ကူးပြသထားတဲ့

Anime ဇာတ်လမ်းတပုဒ်ဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်

 

0 comments:

Post a Comment