Country : United State
Duration : 2h 4min
အညွှန်း
Mark Wahlberg နဲ့ Mel Gibson တို့ရဲ့ Father Stu လာပါပြီဗျာ။
Father Stu ဆိုတာကတော့ ထိုးဖို့ ကြိတ်ဖို့ သတ်ဖို့ ပုတ်ဖို့ပဲ
စိတ်ဝင်စားတဲ့ လက်ဝှေ့သမား အဖြစ်ကနေ
လူတွေကို ပျက်စီးရာပျက်စီးကြောင်းကနေ အဖတ်ဆယ် ကယ်တင်ပေးသူ
ခရစ်ယာန်ဘုန်းတော်ကြီး ဖြစ်လာတဲ့ Stuart Long အကြောင်း
ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါ
Stuart Long ဟာ ဆိုးသွမ်းတဲ့ ဖခင်ဒဏ်ကို ခံရပြီး
ကြမ်းကြမ်းတမ်းတမ်း ကြီးပြင်းလာရတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ
လက်ဝှေ့ထိုးနေရင်း ဆိုးဝါးတဲ့ မေးရိုးရောဂါကြောင့်
လက်ဝှေ့သမားအဖြစ်ကနေ နှုတ်ထွက်ခဲ့ရပြီး သရုပ်ဆောင် လုပ်မယ်ဆိုပြီး LA ကို ထွက်လာခဲ့ပါတယ်
LA က စူပါးမားကတ်မှာ အလုပ်လုပ်ပြီး သရုပ်ဆောင်လုပ်ဖို့ ကြိုးစား ရုန်းကန်ရပုံတွေ
စူပါမားကတ်ကို စျေးဝယ်လာတဲ့ ကတ်သလစ်ဘာသာဝင် မိန်းကလေးတစ်ယောက်ကို သဘောကျမိရာက
ဘုရားကျောင်းရောက်သွားပြီး ဖာသာဘဝကို ရောက်ခဲ့ရပုံတွေ
စတာတွေကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာပါ

0 comments:
Post a Comment