Country : Korea
Duration : 1h 24min
အညွှန်း
တောင်ကိုရီးယား Art Houseဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Kim Ki Dukကို ဒီကလူ တော်တော်များများသိကြသလို
သူ့ရုပ်ရှင်တွေဖြစ်တဲ့ 3-Iron, Spring Summer Fall winterနဲ့ တခြားရုပ်ရှင်တွေလည်း ဒီမှာ တော်တော်ကြိုက်ကြပါတယ်။
Breathဟာ Kimရဲ့ ကားကောင်းတွေထဲက တစ်ကားပါပဲ။
Castတွေထဲ ထူးထူးခြားခြား ဝေါင်ကာဝေးလက်စွဲတော်တစ်ယောက်ဖြစ်တဲ့ ချန်းချန်ကို သုံးထားပါတယ်။
နောက် တောင်ကိုရီးယား A Listတန်း၀င် မင်းသား Ha Jung-Wooနဲ့ Park Ji-Ahတို့ကို သုံးထားပါတယ်။
Breathဟာ Kim Ki Dukကားပါ။
ဒီတော့ သူရိုက်တတ်တဲ့ပုံစံအတိုင်း ဒီထဲမှာ ချန်းချန်ရဲ့ ဇာတ်ကောင် Jiang Jinဟာ ဒီထဲစကားတစ်လုံးမှ မပြောပါဘူး။
လူ့အဇ္ဈတ္တအတွင်းသဏ္ဍာန်ကို သာမန်လူတွေ မတွေးမိတဲ့ဟန်နဲ့ပဲ ပုံဖော်ထားပါတယ်။
သူ့ကားပီပီသသ နည်းနည်းလည်း ပဟေဠိဆန်ပါတယ်။
သူ့ကားပီပီသသ လိင်ဆန္ဒသရုပ်ဖော်ခန်းတွေလည်း ပါတယ်။
ဖရန်စစ် ဖို့ဒ် ကော်ပိုလာဟာ သူ့ရုပ်ရှင်တွေကို စကားလုံးတစ်လုံးတည်းနဲ့ ခြုံငုံပြောပြဖူးပါတယ်။
မှတ်မိသလောက်ဆို Godfatherဆို Familyလို့ ပြောခဲ့တယ်ထင်ပါတယ်။
ဒီရုပ်ရှင်ကို စကားလုံးတစ်လုံးနဲ့ ကြံဖန်ပြောရရင် ကျွန်တော်တော့ curiosityလို့ပဲ ပြောမှာပါ။
Kim Ki Dukကားကြိုက်တဲ့လူတွေအတွက်တော့ စိတ်ပျက်စေမယ့်ကား လုံး၀မဟုတ်ပါဘူး။
ကိန်းရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d’Or ဆန်ခါတင် ၀င်ခဲ့တဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။
2020မှာ Kim ဆုံးသွားခဲ့ပြီဆိုတော့ သူ့ရုပ်ရှင်အသစ်တွေကို ကျွန်တော်တို့ ကြည့်ရတော့မှာ မဟုတ်တော့ပါဘူး။
ကဗျာဆရာသေပေမဲ့ ကဗျာတွေမသေဘူးဆိုသလိုပဲ ဒီရုပ်ရှင်ဟာ သူ့အရသာအပြည့်နဲ့ သူ့ကိုသတိရမိစေမယ့် ရုပ်ရှင်

0 comments:
Post a Comment